Posts

Showing posts from 2016

ကျနော်တို့ခြံထဲက ကြက်များအကြောင်း

ကျနော်တို့ခြံထဲမှာ မွေးမြူထားတဲ့ ကြက်တွေ ၆ ကောင်၊ ၇ကောင်လောက် ရှိပါတယ်။ အဲ့ထဲမှာမှ ကြက်ဖနှစ်ကောင်တည်းပါပြီး ကျန်တာ ကြက်မတွေချည်းပါ။ ရှိတဲ့ ကြက်ဖနှစ်ကောင်ထဲမှာ တစ်ကောင်က အခုမှ အရွယ်ရောက်စရှိတုန်းဆိုတော့ ကျန်တဲ့ ကြက်ဖကြီးက ခြံထဲက ကြက်မကြီးတွေရဲ့ နှင်းဆီခိုင်ပဲ ဆိုပါတော့။ ငယ်ငယ်တုန်းကတော့ ကြက်သားဟင်းစားရတဲ့အခါ ကြက်ရဲ့ နှလုံးပိစိကွေးလေးနဲ့ ဦးနှောက်ပိစိကွေးလေးကို အတော်ကြိုက်ခဲ့ဖူးတယ်။ စိတ်ထဲမှာတော့ ဒီကြက်တွေမှာ ဦးနှောက်နဲ့ နှလုံးသားပါပေမဲ့ တွေးတော ခံစားတတ်ပုံလည်း မရဘူးလို့ ထင်ခဲ့တယ်။ သူတို့ဘာသာ ခြံထဲမှာ အစာရှာစားမယ်။ ဥချိန်တန် ဥမယ်။ တွန်ချင်တဲ့အချိန် ထတွန်မယ်၊ ဘာမှ စိတ်ဝင်စားစရာကောင်းတဲ့ သတ္တဝါ မဟုတ်ဘူးပေါ့။ ဒါပေမဲ့ ကျနော်ထင်သလို မဟုတ်ပါဘူး။ ကြက်တွေမှာလည်း တစ်ခါတစ်လေ ကျနော်တို့ လူတွေမှာ ချို့တဲ့တတ်တဲ့ 'တာဝန်ယူမှု'၊ 'ဖေးမစောင့်ရှောက်မှု' တွေ ရှိပါတယ်။ ဆိုပါတော့ ကြက်မကြီးတွေဟာ ဥဝပ်တဲ့အချိန်ဆို သူတို့အနားကပ်တာ သိပ်မကြိုက်ပါဘူး။ ကြက်ကလေးတွေ ပေါက်လာတဲ့အခါကျရင်လည်း သူ့ကလေးတွေကို ရန်ပြုမယ်ထင်ရင် လိုက်ဆိတ်တတ်သေးတယ်၊ ကြက်ကလေးတွေကို ကြက်မေမေကြီးက ဦးဆောင်ပြီး အစာရှာထွက်တယ်။ ကြက်ပေါက်လေ

ရွာတစ်ရွာအကြောင်း

တစ်ခါက အတွင်းခံဘောင်းဘီမဝတ်တဲ့ ရွာတစ်ရွာရှိတယ်။ သူတို့အတွက် အတွင်းခံဘောင်းဘီဆိုတာ အပိုအဝတ်လို့ သတ်မှတ်ထားကြတယ်၊ လွတ်လပ်မှုမရှိဘူးလို့ ခံယူထားကြတယ်၊ နောက်ပြီး အတွင်းခံဘောင်းဘီဝတ်တာဟာ မသန့်ရှင်းဘူးဆိုပြီး .... အူကြောင်ကြောင် တွေးထင်ထားတဲ့အတွက် ဘယ်ရွာသူ၊ ရွာသားကမှ အတွင်းခံဘောင်းဘီ မဝတ်ကြပါဘူး။ တစ်နေ့တော့ အဲ့ဒီရွာကို အပျော်တမ်းခရီးထွက်လာသူတွေ ရောက်လာတယ်။ ရွာသူရွာသားတွေကို တွေ့တော့ အံ့အားသင့်သွားကြတယ်၊ သဘာဝ ဖရီးစတိုင်လ် တွေနဲ့ အတွင်းခံမဝတ်တဲ့ အဲ့ဒီရွာက လူတွေကို သူတို့တွေ မေးမြန်းစပ်စုကြတယ်။ ဘာကြောင့် အတွင်းခံမဝတ်ကြတာလည်းပေါ့။ ဒီတော့ ရွာသူရွာသားတွေကလည်း သူတို့ရဲ့ အတွင်းခံဘောင်းဘီတို မဝတ်ရခြင်းဒဿနတွေကို ဟောကြားရတာပေါ့။ အတွင်းခံဘောင်းဘီဝတ်ရတာ သူတို့အတွက် အပိုအလုပ် တစ်ခုဖြစ်ကြောင်း၊  ထိုတစ်ထွာတစ်မိုက်ခန့်မျှသော ဘောင်းဘီတိုဝတ်ထားသည့်အတွက် မလွတ်လပ်ကြောင်း၊ ပူအိုက်ကြောင်း၊ နောက်ပြီး မိမိတို့ သဘာဝအတိုင်း နေရခြင်းသည် သန့်ရှင်းသည်ဟု ယူဆသည့်အတွက် မဝတ်ကြောင်း စသဖြင့် ဧည့်သည်ခရီးသွားတွေကို ရှင်းပြရှာပါတယ်။ အဲ့လိုပြောတာကြားတော့ ခရီးသွားလူတွေက ရွာသူရွာသားတွေကို သနားသွားတယ်၊ တောကြိုအုံကြားမှာနေပြီး အသိဉာဏ်

စားကြည့် အားရှိတယ် ...

မနက်ခင်းက သာယာလို့နေသည်။ ကျေးငှက်လေးများက တီတီတာတာ၊ လိပ်ပြာစုံတွဲလေးများက တစ်ကောင်နှင့်တစ်ကောင် ကျီစယ်ရင်း ဟိုသည်ဝဲပျံလို့နေသည်။ နှစ်စက်များကြောင့် စိမ်းစိုနေသည့် သစ်ပင်၊ ပန်းမန်များက နေခြည်နုနုအောက်မှာ အရောင်လက်နေသည်။ မနက်ခင်း၏ သာသာမှုကို ခံစားငေးမောရင်း သန့်ရှင်းလတ်ဆက်သည့်လေကို တဝကြီး သူရှုသွင်းလိုက်သည်။ အခုမှပဲ လန်းဆန်းသွားတော့သည်။ မြို့ကြီးပြကြီးမှာ ကြီးပြင်းခဲ့ရသူမို့ ဒီရွာလေး၏ သာယာဆိတ်ငြိမ်မှုကို သူသဘောကျသွားသည်။ ဒီရွာလေးက သူ့ဘိုးဘွားများ၏ ချက်မြုပ်မွေးရပ်မြေဖြစ်သည်။ ရှေးရိုးဆန်သော ရွာကြီးဖြစ်ကာ ဓလေ့ထုံတမ်းကို အလွန်အလေးထားကြသည်။ တကယ်တော့ တရုတ်လူမျိုးများသည် အလွန်ဆွေမျိုးများသည့် လူမျိုးမဟုတ်ပါလား....။ အခုလည်း ကျောင်းပိတ်ရက်မို့ ဆွေးမျိုးကြီးများရွာသို့ အလည်လာခဲ့ခြင်းဖြစ်သည်။ အခုတော့ ဦးကြီးတစ်ယောက်၏ အိမ်တွင်တည်းခိုနေသည်။ မနက်ခင်း၏ အလှယဉ်ကြောမှာ သူမှင်သက်စီးမြောနေခိုက် ရုတ်တရက် သူ့နှာခေါင်းဝသို့ တိုးဝင်လာသော စူးရှရှရနံ့တစ်ခုကြောင့် သူ့ခံစားမှုတို့ ထွက်ပြေးလွင့်ပျယ်သွားကြသည်။ ပတ်ဝန်းကျင်းကို စူးစမ်းကြည့်တော့ လေကို ဖြေးညှင်းစွာ ရှုသွင်းလျှက် ထိက်ချိကစားနေသူတချို့ကို တွေ့ရသည်။ သူတို့ပ

ကွန်ပျူတာရူးသူ သို့မဟုတ် ကွန်ပျူတာကြောင့်ရူးသူ

ကွန်ပျူတာနဲ့ ပတ်သက်လို့ဗဟုသုတလည်း မရှိပါဘဲနဲ့ သူများပြောတဲ့ ကွန်ပျူတာအကြောင်းကို နားထောင်ရင်းနဲ့ ကွန်ပျူတာပိုး စဝင်ခဲ့တဲ့ ကျွန်တော်ဟာ ကွန်ပျူတာကို စသုံးကတည်းက အလွဲလွဲအချော်ချော်တွေနဲ့ စခဲ့တာပါ။ အဲ့ဒီတုန်းက Virus ဆိုတာ ဘာမှန်းမသိပါဘူး။ ဖတ်ဖူးတဲ့ ကွန်ပျူတာစာအုပ်တွေထဲမှာတော့ ဗိုင်းရပ်စ်ရှိရင် ကွန်ပျူတာ လေးလံလာတတ်တယ်တဲ့....၊ ဖြစ်ချင်တော့ ကျွန်တော့်ကွန်ပျူတာက ဝယ်ကတည်းက လေး(နှေး)ပါတယ်။ တစ်ခါတလေကျရင် ကြောင်ပြီးရပ်နေတော့ virus ကြောင့်ဖြစ်ရမယ်ဆိုပြီး ဖတ်ထားဖူးတဲ့အတိုင်း Window registry ကိုဝင်ကလိပါတယ်။ မသင်္ကာတဲ့ key တွေဆိုရင် Delete လုပ်ပစ်လိုက်တယ်... အဟီး... virus တော့မသေဘူး...။ Window ကတော့ မသေမရှင်ဖြစ်သွားတယ်ဗျ။ မသေမရှင်ဆိုတာက ဝင်းဒိုးကတော့ တက်တယ်။ ဒါပေမဲ့ ဘာမှဖွင့်ကြည့်လို့မရတော့ဘူး... အဲ.. ဗီဒီယိုတော့ဖွင့်ကြည့်လိုရသေးတယ်ဗျ... အဲ့ဒါလေးတစ်ခုပဲ ရတော့တယ်။ ဒီတော့ ကျွန်တော့်အစ်ကိုက ဘာပြောလဲဆိုတော့ "မင်းကွန်ပျူတာက စျေးကြီးပေးဝယ်ရပြီး ဗီဒီယိုပဲ ဖွင့်ကြည့်လို့ရတယ်ဆိုတော့ ကွန်ပျူတာဝယ်မဲ့အစား... ငါဆိုရင် DVD စက်ပဲဝယ်ကြည့်တော့မယ်" တဲ့လေ...။ အဲ့ဒီလို ကလိလွန်းလို့ ဝင်းဒိုးခဏခဏ ပျက်ပါတယ်။ ကိုယ်

ကျွန်တော့်အမေ - ၁

တစ်နေ့ထမင်းစားနေတုန်းက အမေက ကျွန်တော့်ကိုပြောတယ်။ "ငါ့သား ချစ်သူကောင်မလေးရှာရင် ခြေဖနောင့်ကိုကြည့်ပြီးရွေးကွဲ့..." "ဟမ်...၊ ခြေဖနောင့်ကိုကြည့်ရွေးရမယ်...???" "အေးဟုတ်တယ်.... ဖြေဖနောင့်တစ်ဝိုက်က အသားပြည့်ပြည့်ဖြိုးဖြိုးနဲ့ဆိုရင် အဲ့မိန်းကလေးဟာ ဘဝမှာ ကောင်းကောင်းမွန်မွန်၊ ဇိမ်နဲ့နေရတယ်တဲ့" "ဟုတ်လို့လား အမား(အမေ)ရာ.... " "နင့်ရီးမား(ကျွန်တော့်အဒေါ်)ကိုကြည့်ပါလား....၊ ခြေဖနောင့်ကပြည့်ပြည့်ဖြိုးဖြိုးနဲ့ အခုဆို ဇိမ်နဲ့နေနေရတယ်" အင်း..... အမေပြောတာလည်း ဟုတ်သလိုလိုပဲ။ ကျွန်တော့်အဒေါ်က သားသုံးယောက်ရှိတယ်၊ သုံးယောက်စလုံး ကားအုန်နာသူဋ္ဌေးတွေ။ ဒါပေမဲ့ တစ်ခုရှိတာက အဒေါ်က နှစ်လုံးထီအရမ်းထိုးတယ်။ နှစ်လုံးထီက နေ့လည်တစ်ကြိမ်၊ ညနေတစ်ကြိမ်ဖွင့်တာ၊ ပြီးတော့ တစ်ပတ်မှာ တစ်ရက်ပဲလားမသိဘူး နားတာ၊ အဒေါ်က ချဲနှစ်လုံးထိုးရင်လည်း ထိုးကွက်တွေမနည်းဘူး၊ ထိုးကြေးလည်းမနည်းဘူး၊ ပြီးတော့ ပေါက်တဲ့အခါထက် မပေါက်တဲ့ရက်တွေက ပို့များပါတယ်။ ဒါကြောင့် အကြွေးများတယ်။ နှစ်လုံးထီထိုးလွန်းလို့ သူ့သားတွေလည်း အရင်လို သုံးစရာပိုက်ဆံမပေးတော့ဘူး။ "ဒါပေမဲ့ အမားရာ... ပိန်တဲ့လူတွေဆို ဘ

ပိုက်ဆံကောက်ရရင် အိမ်ပြန်မယ်

သူ့ကိုတွေ့နေကျမို့ ရင်းနှီးနေပါပြီ။ တခြားဆေးသမားတွေနည်းတူ သူလည်းအိတ်တစ်လုံးဆွဲကာ တစ်မြို့လုံးအနှံ့ အမှိုက်ပုံ၊ အမှိုက်တောင်းတွေထဲတွင် ဗူးခွံ၊ ပုလင်းခွံ၊ တိုလီမုတ်စတွေ လိုက်ကောက်လေ့ရှိသည်။ ပြီးလျှင် တစ်ဖက်ကမ်း တရုတ်နိုင်ငံတွင် သွားရောင်းပြီး ဆေးဖိုးရှာသည်။ တခြားဆေးသမားတွေက လူလစ်လျှင် လစ်သလို ခိုးဝှက်တတ်ပေမဲ့ သူကတော့ ရိုးသားပုံရပါသည်။ ‘သူ’လို့သာ ရည်ညွှန်းသုံးနှုန်းလိုက်ပေမဲ့ တကယ်တမ်းတော့ ကျွန်တော်သူ့အကြောင်း ကောင်းကောင်းမသိပါဘူး။ သူ့နာမည်၊ သူ့ဇာတိ၊ သူဘာကြောင့် ဒီလိုဘဝမျိုးရောက်နေရတာလည်းဆိုတာတွေကို မမေးကြည့်ဖူးပါဘူး။ သူ့အသက်ကတော့ အတန်ငယ်ကြီးနေပါပြီ။ ဒါပေမဲ့ တွေ့သည့်လူတိုင်းကို ကြီးကြီးငယ်ငယ်မရွေး အစ်ကို၊ အစ်မလို့ခေါ်ပြီး စကားပြောတတ်သည်။ သူလိုချင်တာရှိလျှင် ကောင်းကောင်းမွန်မွန်ပြောပြီး တောင်းသည်။ ကျွန်တော်တို့ကလည်း သူလာလျှင် အချိုရည်ဗူးခွံတွေကို ထုတ်ပေးလေ့ရှိသည်။ ပြီးတော့ သူတစ်ပါးပစ္စည်းကို မခိုးဝှက်ရန်လည်း မှာကြားရသေးသည်။ ဒီလိုနှင့် ထိုဆေးသမားနှင့် ရင်းနှီးနေခြင်းဖြစ်သည်။ ထိုဆေးသမားကြီးကိုတွေ့သည့်အခါတိုင်း စိတ်ချမ်းသာရသည်မရှိပေ။ အမြဲတမ်း ဒဏ်ရာပရပွတွေနှင့်သာ…၊ ခန္ဓာကိုယ်ကွက်တိကွက်ကျား၌ ပတ်

ကျွဲ'ပါး'စောင်းတီး

ငယ်ငယ်က "ကျွဲပါးစောင်းတီး" ဆိုတာရဲ့ အဓိပ္ပာယ်ကို နားမလည်ခဲ့ဘူး။ ကျနော်က တရုတ်ဗမာကပြား၊ နေတာက တရုတ်အိမ်၊ တရုတ်ဝန်းကျင်ထဲမှာ။ မောင်နှမငါးယောက်ထဲမှာ ကျနော်က ဗမာသွေးအပါဆုံးလို့ ပြောရမယ်ထင်တယ်။ တရုတ်အသိုင်းအဝိုင်းထဲမှာ နေခဲ့ရပေမဲ့ တရုတ်လိုသိပ်မတတ်ဘဲ ဗမာလိုပဲ ပြောတယ်။ ဒုက္ခရောက်တာက ကိုယ်နားမလည်တဲ့ ဗမာဝေါဟာရတွေသိလာရင်၊ ကြားလာရင် အနက်အဓိပ္ပာယ်ပြောပြပေးတဲ့ လူမရှိဘူး။ အဖေက ကျွန်တော်တို့ငယ်ငယ်ကတည်းက နောက်အိမ်ထောင်ထူသွားလို့ တရုတ်ဖြစ်တဲ့ အမေတို့အသိုင်းအဝိုင်းထဲမှာပဲ ကြီးပြင်းခဲ့ရတာကိုး။ အမေက ဗမာစာကိုတောင် စစ်တပ်ထဲမှာနေတုန်းက အဖေသင်ပေးခဲ့လို့သာ အနည်းငယ် ရေးတတ်ဖတ်တတ်ခဲ့တာဆိုတော့ အမေ့ကို ကျွန်တော်နားမလည်တဲ့ စကားလုံးတွေရဲ့ အနက်အဓိပ္ပာယ်မေးလည်း အမေက ရေရေရာရာ မဖြေနိုင်ဘူး။ အဲ့ဒီတော့ အပေါ်က ပြောခဲ့သလို ငယ်ငယ်က "ကျွဲပါးစောင်းတီး" ဆိုတဲ့ စကားလုံးကို  ကြားစ၊ သိစတုန်းက အတော်ကို ခွကျတာပေါ့။ နောက်ပိုင်းမှ သိလာတာက ဆိုလိုရင်းအဓိပ္ပာယ်ကတော့ ဘယ်လောက်ပဲပြောပြော နားမဝင်ဘူး၊ အာပေါက်အောင်ရှင်းပြလဲ မထူးဘူးဆိုတဲ့ သဘောပေါ့။ ဟုတ်ပြီ ကျွဲပါးစောင်းတီးဆိုတဲ့ စကားလုံးရဲ့ ဆိုလိုရင်းကို သိရပြီ...။ ဒါပေမဲ့ ကျ

မျှော် ...

Image
တစ်နေ့ ကွတ်ခိုင်က သူငယ်ချင်းတစ်ဦးနှင့် ဖုန်းပြောဖြစ်တော့ သူတို့ မြို့က အင်တာနက်လိုင်းများ အလွန်ကောင်းမွန်ကြောင်း ကြွားသဖြင့် ကိုယ့်မြို့နှင့် ယှဉ်ကာ မနာလိုဖြစ်ရသေးသည်။ ကျွန်တော်တို့မြို့က အင်တာနက်လိုင်းကတော့ အများအားဖြင့် သာမန်သတင်းဖတ်၊ ဖွန်ကြူ ဖွန်ချက်ဖို့လောက်သာ သုံးလို့ရသည်။ ဖုန်းပြုပြင်ရေးလုပ်ငန်းလုပ်သူမို့ ဖုန်းနှင့်ဆက်စပ်ရာ firmware များ app & game များဒေါင်းလုတ်ဆွဲယူဖို့လောက်တော့ လိုင်းက မကောင်း။ နောက်ပြီး ကျွန်တော်က အင်တာနက်နှင့် ပတ်သက်ပြီး ရူးသွပ်သူမို့ ကိုယ့်မြို့က နှေးကွေးသည့် အင်တာနက်လိုင်းနှင့် ပတ်သက်ပြီး မကြာခဏပေါက်ကွဲမိသည်။ ဆက်သွယ်ရေးဝန်ဆောင်မှုပေးသည့် ကုမ္ပဏီများကို ပစ်ပစ်နှစ်နှစ်ဆဲသည့်အခါ ဆဲမိသည်။ ကျွန်တော်လိုချင်သည့်အခြေအနေနှင့် လက်ရှိရနေသည့် အခြေအနေက ကွာခြားနေသည်ကိုး .... ဒီတော့ ကိုယ်စိတ်ထင်တိုင်း လုပ်ခွင့်မရသည့်အခါ အဲ့လိုပေါက်ကွဲမိသည်။ ထိုအခါ တစ်ခါကတွေ့ခဲ့ဖူးသည့် နိုင်ငံခြားသားသတင်းထောက်ကြီးကို သွားသတိရမိသည် ... ********************* မန္တလေးမှာ ဘွဲ့သွားယူစဉ်က ဆွိဇာလန်က သတင်းထောက်ဦးလေးကြီးတစ်ဦးနှင့် စကားပြောဖြစ်ခဲ့သည်။ ထိုစဉ်က ကျွန်တော်နှင့် ကျွန်တော့်သူငယ်ချင်း

မျက်စိတစ်ဖက်လပ်နေတဲ့ အမေ

ကျွန်တော့်အမေက မျက်စိတစ်ဖက်လပ်နေတဲ့ အမျိုးသမီးကြီးပါ။ ဒါကြောင့်ပဲ အမေ့ကို ကျွန်တော်မုန်းမိတာပေါ့။ အမေက ကျောင်းမှာ ဆရာ ဆရာမတွေနဲ့ ကျောင်းသူကျောင်းသားတွေကို ထမင်းဟင်းချက်ကြွေးရတဲ့ အလုပ်လုပ်ပါတယ်။ ဒီလိုနဲ့ တစ်နေ့မှာ ကျွန်တော်ရှိရာ စာသင်ခန်းဆီ အမေလာပြီး ကျွန်တော့်ကို ကြည့်တယ်လေ။ ကျွန်တော်အဆင်ပြေ မပြေသိချင်လို့ နေမှာပေါ့။ ဒါပေမဲ့ ကျွန်တော့်မှာဖြင့် ရှက်လိုက်တာဗျာ .... အမေမို့ ဒီလိုပုံစံနဲ့ လာကြည့်ရက်တယ်။ ကျွန်တော်ကတော့ အမေ့ကို အရေးမလုပ်ပါဘူး။ ပြီးတော့ အမေ့ကို မုန်းမုန်းတီးတီးကြည့်ပြီး ကျွန်တော် လှည့်ထွက်ခဲ့တာပေါ့။ နောက်နေ့ ကျောင်းစာသင်ခန်းထဲ ရောက်တော့ အတန်းဖော် သူငယ်ချင်းတစ်ယောက်ကပြောတယ် "ဟားဟား ..... သူ့အမေက မျက်လုံးတစ်ဖက်တည်း ရှိတယ်ကွ" ကျွန်တော်တော့ ရှက်လွန်းလို့ ကိုယ့်ကိုယ်သာ မြေမြုပ်သင်္ဂြိုလ်လိုက်ချင်တော့တယ်။ ပြီးတော့ အမေ့ကိုလည်း မရှိစေချင်တော့ဘူး။ အဲ့ဒီနေ့က အမေ့ကို ကျွန်တော်ရင်ဆိုင်တွေ့ပြီး ပြောပစ်လိုက်တယ် "အမေက ကျွန်တော့်ကို သူများတွေလှောင်ပြောင်ဟားတိုက်အောင် လုပ်နေတာပဲ၊ အမေ ဘာလို့ မသေသေးရတာလဲဗျာ ...." အမေကတော့ ဘာတစ်ခွန်းမှ ပြန်မပြောရှာပါဘူး။ ကျွန်တော်ကတော့ ကိုယ်ပ

"မျက်မမြင် ကောင်မလေးတစ်ယောက် အကြောင်း"

တစ်ခါက ကိုယ့်ကိုယ်ကို မုန်းတီးနေတဲ့ မျက်မမြင်ကောင်မလေးတစ်ယောက်ရှိတယ်။ အဲ့ဒီကောင်မလေးဟာ သူမျက်စိမမြင်ရတဲ့အတွက် သူ့ကိုယ်သူ မုန်းတယ်၊ သူမမြင်ရတဲ့ ကမ္ဘာလောကကြီးကို တခြားလူတွေ မြင်တွေ့ခွင့်ရတဲ့အတွက် တခြားလူတွေကိုလဲ မုန်းတယ်။ သူ့ရဲ့ ချစ်သူကောင်လေးကလွဲလို့ သူဟာ အရာရာတိုင်းကို မုန်းနေတာပေါ့။ အရာရာတိုင်းဟာ အမှောင်ထုသာ လွှမ်းမိုးနေတဲ့ သူ့ဘဝမှာ သူ့ချစ်သူကောင်လေးသာ အားကိုးခင်တွယ်ရာ၊ သူ့ချစ်သူကောင်လေးသာ သူ့ဘေးမှာ ရှိနေပေးတဲ့အတွက် ကောင်မလေးက အခုလိုပြောတယ် "ကမ္ဘာလောကကြီးကို မြင်တွေ့ရတဲ့နေ့ကျရင် ငါနင့်ကို လက်ထပ်မယ်" တဲ့ ဒီလိုနဲ့ တစ်နေ့မှာ အလှူရှင်တစ်ယောက်က မျက်လုံးတစ်စုံကို လှူဒါန်းလိုက်တဲ့အတွက် မျက်မမြင်ကောင်မလေးဟာ မျက်စိပြန်ကောင်းသွားတယ်။ သူမြင်ချင်ခဲ့တဲ့ ကမ္ဘာလောကကြီးကို မြင်တွေ့ရပြီလေ.... ဒီတော့ သူ့ချစ်သူကောင်လေးက သူ့ကို မေးလိုက်တယ် "နင် အရမ်းမြင်ချင်ခဲ့တဲ့ ကမ္ဘာလောကကြီးကို မြင်တွေ့ရပြီလေ.... အခု ငါ့ကို လက်ထပ်မယ် မဟုတ်လား" ဒီအခါ ကောင်မလေးက အရမ်းကို ထိတ်လန့်တုန်လှုပ်သွားတယ်။ သူ့ချစ်သူကောင်လေးကလည်း မျက်မမြင်တစ်ယောက် ဖြစ်နေတာကိုး......။ ဒါကြောင့် အဲ့ကောင်မလေးက သူ့ချစ်သူရဲ့ လက်ထပ်ခ

အပျင်းပြေဖတ်စာ

တစ်နေ့တစ်၌ … ကျွန်ုပ်လည်း ပျင်းပျင်းရှိသည်နှင့် (မှတ်ချက်။ ။“ပျင်းပျင်း" ဆိုသည်မှာ လူအမည်မဟုတ်ပါ) အပျင်းပြေရန်အလို့ငှာ  facebook ကိုဖွင့်ကြည့်မိလေ၏။ ပြီးလျှင် အများသူငါ အပျင်းပြေတင်ထားကြလေသော စာများ၊ ဓာတ်ပုံများ၊ သတင်းများ၊ အတင်းများ၊ အဖျင်းများ စသည်တို့ကို 'ပျင်းရိလေးလံစွာဖြင့်' လိုက်လံဖတ်ရှုမိလေ၏။ ကောင်မလေးတစ်ယောက်က ပုံတစ်ပုံတင်ကာ ဤသို့ရေးထားလေ၏ … "ခစ်ခစ် … ဒီနေ့ အမျိုးတစ်ယောက်ဆုံးလို့ အသုဘလိုက်ပို့တုန်းက ရိုက်ထားတာလေ … လှလားတိဝူး … ခစ်ခစ်"။ ဒါကိုပဲ မောင်နှာခေါင်းကြီးများက Like ဗုံးကြဲကာ နှာသံလေးများဖြင့် ကွန်မန့်များပေးကြသည်ကိုတွေ့ရ၏ ... ” အော်... ခေးရယ်... နောက်ခံအုတ်ဂူဖွေးဖွေးလေးတွေနဲ့ အရမ်းလှတာပဲ ...” စသည်ဖြင့် …. စသည်ဖြင့် … အခြားဘဲတစ်ကောင်ကလည်း (မှတ်ချက်။။ "ဘဲ" ဟုဆိုသော်လည်း တစ်ကယ့်"ဘဲ" မဟုတ်ပါ) အထင်ကြီးစရာကောင်းလောက်အောင်ပင် ဤသို့ရေးတင်ထားပြန်လေ၏ … "ကိုယ်နဲ့ ဇာတ်လမ်းပြတ်သွားတဲ့ ကောင်မရဲ့ ဘဲအသစ်က ကိုယ့်လောက်မချောဘူးဆိုတာသိရတော့ ဝမ်းသာတာကွာ …”၊ "ဝမ်းသာလုံးဆို့ပြီး သေသွားလဲ အေးသာပဲကွာ" ဟူသော ကွန်မန့်ကိုတော့ ပျင်းရိနေသောကြေ

"ဗျာ... ကျွန့်တော့်အမေ...??"

တစ်ရက်မှာတော့ လူတစ်ယောက်ဟာ စျေးဆိုင်ကြီးတစ်ခုမှာ လိုအပ်တာလေးတွေ လာဝယ်သတဲ့။ တွန်းလှည်းလေးတွန်းရင် လိုအပ်တဲ့ပစ္စည်းတွေကိုလိုက်ရှာရင်းနဲ့  သူ့နောက်ကို မယောင်မလည်နဲ့ လိုက်ကြည့်နေတဲ့ အန်တီကြီးတစ်ယောက်ကို သတိထားလိုက်မိတယ်။ လူချင်းတူလို့ မှားကြည့်တာလည်း ဖြစ်ကောင်းဖြစ်နိုင်တာပဲလို့တွေးပြီး သူလိုချင်တဲ့ပစ္စည်းလေးတွေကိုပဲ ရွေးယူနေမိတယ်။ ဒါပေမဲ့ အဲ့အန်တီကြီးကတော့ သူ့ကိုခပ်လှမ်းလှမ်းကနေ ကြည့်နေပြန်တော့ စိတ်ထဲတစ်မျိုးဖြစ်သွားတယ်....၊ သူ့ကိုကြည့်နေပုံက မရိုးမသားစိတ်ပါဟန်တော့မတူ၊ မိခင်က သားကိုကြည့်သည့်အကြည့်မျိုး၊ သို့သော် ဝမ်းနည်းကြေကွဲနေဟန်တူသည်၊ ခင်မင်ရင်းနှီးနေဟန်လည်း ပါသည်.... တစ်ခုခုတော့ တစ်ခုခုပဲ...။ သူ့အတွေးနဲ့သူ ပစ္စည်းရှာနေခိုက် ထိုအန်တီကြီးက သူ့ရှေ့ရောက်လာသည်၊ ပစ္စည်းတွေတော်တော်များများကိုလည်း အန်တီကြီး၏ တွန်းလှည်းထဲမှာတွေ့ရသည်။ "စိတ်မရှိပါနဲ့နော် ငါ့တူ....၊ ငါ့တူက ကွယ်လွန်သွားတဲ့ အန်တီ့သားနဲ့ အရမ်းတူနေလို့ မင်းကိုအန်တီ့သားအမှတ်နဲ့ ကြည့်နေမိတာ...." "အော်.... ရပါတယ် အန်တီ၊ ကျွန်တော်လည်း အဲ့ဒါကိုသတိထားမိပါတယ်၊ လူချင်းမှားနေလို့တော့ ထင်သား..." အန်တီကြီးက အနည်းငယ်အားနာဟန်ဖြ

ငုပ်မိသဲတိုင် တက်နိုင်ဖျားရောက်

ဖတ်ခဲ့ဖူးတဲ့ ပုံပြင်လေးတစ်ပုဒ်ပါ ... ။ တစ်ခါတုန်းက ရွာတစ်ရွာမှာ နွားကျောင်းသားတစ်ဦးဟာ နွားကျောင်းနေသတဲ့။ တစ်နေ့တော့ နွားကျောင်းနေရင်းနဲ့ တစ်နေရာအရောက်မှာ ဇော်ဂျီတစ်ပါးဟာ ကျောက်ပြင်ကြီးပေါ်မှာ ဆေးကြိတ်နေတာနဲ့ သွားတိုးသတဲ့။ လူသားတစ်ယောက်ရောက်လာတယ်ဆိုပြီး အဲ့ဒီဇော်ဂျီကလည်း ကြိတ်လက်စ ဆေးကို ဒီအတိုင်းထားခဲ့ပြီး ထပျံသွားသတဲ့။ ဒီတော့ နွားကျောင်းသားလေးက ဝမ်းသာအားရနဲ့ "ငါတော့ ဇော်ဂျီရဲ့ ဆေးအစွမ်းနဲ့ အာဂလူဖြစ်ရချေရဲ့" လို့ အောက်မေ့ပြီး ဇော်ဂျီကြိတ်ထားခဲ့တဲ့ ကျောက်ပြင်ပေါ်က ဆေးကို ယူစားသတဲ့ ... အရသာကတော့ ဖန်တွတွနဲ့ပေါ့။ အဲ့လို ဆေးစားပြီး သိပ်မကြာပါဘူး ဆေးစွမ်းပြလာသတဲ့ ... တစ်ကိုယ်လုံးဖိန်းတိန်းရှိန်းတိန်းဖြစ်လာပြီး ခန္ဓာကိုယ်ကလည်း ပေါ့ပါးလာပြီး နွားကျောင်းသားလေးဟာ လေထဲကို တဖြည်းဖြည်း မြောက်တက်လာတယ်တဲ့။ နွားကျောင်းသားလေးကတော့ "ငါတော့ မိုးပျံနိုင်ပြီထင်ရဲ့" လို့တွေးပြီး အင်မတန် ဝမ်းသာနေသတဲ့။ ဒါပေမဲ့ လေထဲမြောက်တက်လာတဲ့ နွားကျောင်းသားလေးဟာ ထင်ထားသလို မိုးပေါ်လည်း စိတ်ထင်တိုင်း မပျံနိုင်၊ မြေပေါ်လည်း မဆင်းနိုင်ရှာတော့ပဲ လေထဲမှာ ကန့်လန့်ကြီး ကိုးရိုးကားယားဖြစ်နေသတဲ့။ ဘာကြောင့်လဲဆိုတ

စည်း

(သဘာဝအားဖြင့် ကျွန်တော်တို့လူ့အဖွဲ့အစည်းမှာ စောင့်ထိန်းရမယ့် "စည်း"၊ "ဘောင်" တွေ ရှိပြီးသားပါ။ ဒါပေမဲ့ ကျွန်တော်တို့တွေ အနေအထိုင် မတတ်တာကြောင့် နောက်ထပ်မလိုလားအပ်တဲ့ "စည်း"တွေ ထပ်တိုးလာရတယ်။) ကိုးတန်းကျောင်းသားဘဝတုန်းက ဆရာမတစ်ယောက်ကပြောတယ် "ငါတို့တုန်းကများ ... မိန်းကလေး၊ ယောက်ျားလေးဆိုပြီး ခွဲခြားမနေဘူး ... သူငယ်ချင်းဆိုတဲ့စိတ်ပဲရှိတယ်။ သွားအတူ၊ လာအတူ၊ ကစားလည်းအတူပဲ၊ လမ်းသွားရင်တောင် တခါတလေ ပခုံးချင်းဖတ်ပြီး သွားချင်သွားကြတာ၊ တစ်ယောက်နဲ့ တစ်ယောက် ဘာစိတ်မှ မရှိကြဘူး။ အခု နင်တို့ကျမှပဲ မိန်းကလေးနဲ့ ယောက်ျားလေး တစ်ယောက်ကို တစ်ယောက် ရှက်ရတာနဲ့၊ အမြီးကဖြင့် မပေါက်သေးဘူး ဟိုစိတ်၊ ဒီစိတ်တွေက ရှိနေရတာနဲ့ ... ပြောကို မပြောချင်ဘူး ...." တဲ့ ဆရာမပြောတာ ဟုတ်နေ၊ မှန်နေတော့လည်း မနာတတ်ကြဘူး။ တစ်ခန်းလုံး တဟီးဟီးနဲ့ ငြိမ်ခံနေကြတယ်။ ဒါပေမဲ့ ဆရာမပြောခဲ့သလို ဖြစ်သွားရတာလည်း အကြောင်းမဲ့တော့ မဟုတ်ဘူး၊ ဘေးပတ်ဝန်းကျင်ရဲ့ ပယောဂလည်းပါတယ်။ ကျွန်တော်တို့ ငယ်ငယ်ကလည်း မိန်းကလေး၊ ယောက်ျားလေး အတူကစားကြတာပဲ၊ ရှက်တာမျိုးမရှိဘူး၊ တစ်ယောက်ကိုတစ်ယောက် ခင်ကြတာမှ ဖြူဖြူစင်စင်လေး ...။

ခုချိန်ဆိုရင် တန့်ယန်းမြို့ရဲ့ ကောင်းကင်ပြင်မှာ စွန်တစ်ချို့ ဝဲပျံနေပြီ ....

ခုချိန်ဆိုရင် တန့်ယန်းမြို့ရဲ့ ကောင်းကင်ပြင်မှာ စွန်တစ်ချို့ ဝဲပျံနေပြီ ....။ ကျွန်တော်ပြောတဲ့ "စွန်" ဆိုတာက လေတံခွန်ပါ။ ငယ်ငယ်က စွန်လွှတ်ခဲ့အကြောင်း ပြန်စဉ်းစားရင် ပျော်စရာကြီးဗျ။ သူများလို ရစ်လုံးမဝယ်နိုင်လို့ နို့ဆီဘူးနဲ့ စွန်လွှတ်ခဲ့တာလေ။ ကြိုးကလည်း ဟိုတစ်စ ဒီတစ်စလိုက်ကောက်ပြီး ဆက်ထားတာဆိုတော့ အရောင်ကစုံတယ်။ စွန်ကလည်း ဂျိုကျိုးနားရွက်ပဲ့လို့ ပြောရလိုက်အောင်ပါပဲ ဖာရာထေးရာတွေချည်း ...။ သူများမြို့တွေမှာတော့ စွန်အမျိုးအစား ဘယ်နှစ်မျိုးလောက် လွှတ်ကစားကြလဲ မသိဘူး။ ကျွန်တော်တို့ မြို့မှာတော့ ဆီစိမ်စက္ကူနဲ့လုပ်ထားတဲ့ စွန်ရယ်၊ ကျန်ကျောင်းအိတ်နဲ့ လုပ်ထားတဲ့ စွန်ဆိုပြီး နှစ်မျိုးပဲ လွှတ်ကြတယ်။ ဆီစိမ်စက္ကူစွန်တွေက အရောင်သုံးမျိုး၊ လေးမျိုးလား မသိဘူးရှိတယ်၊ ကျန်ကျောင်းအိတ်နဲ့လုပ်တဲ့ စွန်ကိုတော့ ကျွန်တော်တို့တွေ "ဖားကလေး" လို့ခေါ်တယ်။ ဖားကလေးစွန်တွေက ဆီစိမ်စွန်တွေထက် လွှတ်ရလွယ်တယ် ... သူက မလည်ဘူးလေ။ လေကြောမိတာနဲ့ တစ်ခါတည်း တန်းတန်းမတ်မတ် ထိုးတက်သွားတာဆိုတော့ ကလေးတွေပဲ အဓိကလွှတ်ကြတယ်။ သိပ်မလွှတ်တတ်သေးခင်မှာဆိုရင် လေဘယ်ဖက်က လာလဲဆိုတာလဲ မသိဘူး၊ ကြိုးကိုင်ပြီး ပြေးပြီ .... စွန်က