Posts

Showing posts from January, 2017

ခေါင်းပန်းလှန်သူများ (၁)

Image
ဟိုးတစ်လောက ပိုက်ဆံတစ်သောင်းတန်အတု ကျနော်လက်ခံမိတဲ့အကြောင်း G+ ပေါ်တင်လိုက်သေးတယ်။ အဲ့ဒီကိစ္စက အဲ့ဒီမှာတင်ပဲ ပြီးသွားပြီထင်နေတာ ...။ ကျနော့်အမေက နှမြောတတ်တယ်။ အရင်က ကျနော်တို့ မိသားစုရဲ့ ငွေရေးကြေးရေးအခြေအနေက တော်တော်ဆိုးခဲ့ဖူးတာဆိုတော့ ငွေရေးကြေးရေးနဲ့ ပတ်သက်လာရင် အမေနှမြောတတ်တာ အပြစ်တော့ မဆိုသာဘူး။ ဒီတော့ ကျနော် ပိုက်ဆံတစ်သောင်းအတု လက်ခံမိတယ်လည်းဆိုရော အမေ့မှာ မခံချိ မခံသာဖြစ်ရော။ "မရဘူး ... ဒီပိုက်ဆံအတုကို ငါပြန်သုံးမှာ၊ ဒီအတိုင်း ပိုက်ဆံတွေကြားညပ်ပြီး ပေးရင် သူများတွေ မသိလောက်ပါဘူး" "အာ .. အမေကလည်း၊ မလုပ်ကောင်းပါဘူးဗျာ။ ကျနော်တို့ ခံရသလို သူများလည်း အဲ့လိုခံရအောင် မလုပ်ပါနဲ့" "နောက်ပြီး အမေ ဒီပိုက်ဆံကို သုံးလိုက်ပါပြီတဲ့၊ သူများက မသိဘဲ လက်ခံလိုက်ပါပြီတဲ့။ တစ်နေ့ ကျနော်တို့ဆီ ပြန်ရောက်မလာနိုင်ဘူးလို့ အမေထင်သလား" ဒီလိုနဲ့ အဲ့ပိုက်ဆံအတုကို စားပွဲအံဆွဲထဲမှာ ဒီအတိုင်းထည့်ထားလိုက်တယ်။ လွန်ခဲ့တဲ့ သုံးရက်လောက်တုန်းက ကျနော်တို့ သားအမိနှစ်ယောက်သား ညစာစားပြီးခါစအချိန်မှာ အမေ့ရဲ့သူငယ်ချင်း အိမ်ရောက်လာတယ်။ သူငယ်ချင်းနှစ်ယောက်သား တီးတိုးတီးတိုးနဲ့ ဘာတွေပြောနေမှန်း မ