Posts

Showing posts from 2017

အပြင်လူ

Image
ကျနော်က ဂြိုလ်သားတစ်ကောင်ပါ ကျနော်ရွတ်ဆိုနေကျ လူချစ်လူခင်များစေတဲ့ ဂါထာမန္တန်ဟာ ဒီကမ္ဘာကြီးမှာ အသက်မဝင်ဘူးထင်ရဲ့ အပြင်လူတစ်ယောက်အနေနဲ့ တံခါးရွက်တွေရဲ့ နောက်ကွယ်က ယဉ်ကျေးမှုဟာ ရှုပ်ထွေးလွန်းလို့လား ကျနော်ပဲ ရိုးအလွန်းတာလား 'တစ်'နဲ့ 'တစ်'ပေါင်းရင် 'နှစ်'ရတယ်လို့ပြောရအောင် မင်းက ဆရာကြီးလားတဲ့ သူစိမ်းဆန် အထီးကျန်လိုက်ရပုံများ ကောင်းကင်မှားဆင်းမိတဲ့ ပိုးစုန်းကြူးလို လင်းတာ လင်းနေရတယ် ရင်တထိတ်ထိတ်နဲ့ ... တစ်နေ့မှာ နေသားကျသွားမှာပါဆိုတဲ့ ယုံတမ်းစကားဟာ သစ်ကိုင်းဖျားမှာ ကြွေလုနီးလို့ .....။။ နှင်းလူ

လှည့်ကွက်

Image
တစ်ခါတုန်းက ထူးဆန်းတဲ့ ရွာတစ်ရွာကို ခရီးသွားလူတစ်ယောက် ရောက်သွားတယ်။ ထူးဆန်းရတဲ့ အကြောင်းရင်းက ရွာသူရွာသားတွေဟာ ထူးထူးခြားခြား အသက်ရှည်ပြီး ကျန်းမာပျော်ရွှင်ကြတယ်။ တခြားရွာကလူတွေလို သူတို့ရဲ့နေ့စဉ်ဘဝမှာ အခက်အခဲတွေ၊ ဒုက္ခတွေ၊ အဆင်မပြေမှုတွေ ရှိပေမဲ့လည်း ဒီရွာကလူတွေဟာ ပျော်ပျော်နေကြတာပဲ။ ခရီးသွားဧည့်သည်လေးကို စိတ်ဝင်စားစေတဲ့ အရာက ရွာရဲ့ နတ်ကွန်းကြီးပါပဲ။ တခမ်းတနားကြီးကို ဆောက််ထားတဲ့ နတ်ကွန်း။ လူစိမ်းအဝင်မခံဘဲ အစောင့်အကျပ်တွေချထားတယ်။ အဲ့ဒီနတ်ကွန်းထဲကို ရွာသူရွာသားတွေဟာ မနက်လင်းတာနဲ့ ဝင်ပြီးဝတ်ပြုပြီးတာနဲ့ ပြန်ထွက်လာတဲ့အခါ အားလုံးဟာ ပြုံးရွှင်နေကြတယ်။ တချို့ကလည်း ရယ်မောလို့။ ဒီတော့ ခရီးသွားလေးဟာ နတ်ကွန်းထဲ ဝင်ကြည့်ချင်စိတ် တဖွားဖွားပေါ်လာတာပေါ့၊ နတ်ကွန်းထဲမှာ လျှို့ဝှက်ချက်တွေများ ရှိမလား၊ ဒီရွာသူရွာသားတွေ ဒီလောက် ကျန်းမာပျော်ရွှင်နေကြတာ နတ်ကွန်းထဲမှာ တန်ခိုးကြီးတဲ့ အရာတစ်ခုခုရှိရမယ်။ သူလည်း အသက်ရှည်ပြီး ကျန်းမာပျော်ရွှင်ချင်တယ်လေ။ ဒါကြောင့် တစ်ညမှာ အစောင့်တွေအိပ်ငိုက်နေတုန်း နတ်ကွန်းထဲကို ခိုးဝင်လိုက်တယ်။ နတ်ကွန်းထဲမှာ အရောင်မွဲခြောက်ခြောက် နတ်ရုပ်ကြီးတစ်ခုနဲ့ အရောင်တဖိတ်ဖ

လူကြီးမင်းများရွာ ...

Image
(၁) ဤရွာအမည်က ခန့်ငြားလှပသည်။ "လူကြီးမင်းများရွာ" ဟူ၏။ တစ်ချိန် တစ်ခါကတော့ ရွာအမည်နှင့် လိုက်ဖက်စွာ ဤရွာ၌ လူတော်လူကောင်းများ နေထိုင်ခဲ့ဖူးသည်။ ယခုသော်ကား .... (၂) ပြဿနာက ရွာလယ်က အမှိုက်ပုံကြီးက စသည်။ ဤရွာကြီး ယခုလောက်ကြီးမားပြီး မစည်ကားခင်အချိန်က အမှိုက်များကို ခပ်လွယ်လွယ် စွန့်ပစ်ခဲ့ကြသည်။ စွန့်ပစ်အမှိုက်ဟု ဆိုသည့်အတိုင်း ထမင်းကျန်ဟင်းကျန်သာမက ဘုစုခရုလေးတွေ၏ ချီးသေးတွေအပြင် အခြားစွန့်ပစ်ပစ္စည်းများလည်းပါဝင်သည်။ အစောပိုင်းကာလတွင် စွန့်ပစ်ပစ္စည်းများ ယခုလောက် သိပ်မများသည့်အပြင် လူနေအိမ်ခြေနည်းသည့်အတွက် အမှိုက်ပုံကြီး၏ ဆိုးရွားသည့် ရနံ့နှင့် နောက်ဆက်တွဲ ကျန်းမာရေးပြဿနာများက သိပ်မရှိခဲ့ချေ။ ထို့ကြောင့်လည်း အားလုံးက သိပ်အရေးမကြီးသယောင် ခပ်ပေါ့ပေါ့ သဘောထားခဲ့ကြသည်။ ယခုတော့ ရွာကြီးတစ်ရွာဖြစ်လာခဲ့ပြီ၊ လူနေအိမ်ခြေများလာသည်။ လူများလျှင် ချီး(ချေး)များသည်ဟူသည့် စကားအတိုင်း အမှိုက်ပုံကြီးကလည်း ကြီးသထက် ကြီးလာသည်။ ပိုဆိုးသည်က အားလုံးလိုလိုက လွယ်ကူစွာ အမှိုက်ပစ်ရန်အတွက် အမှိုက်ပုံကြီးကို ဗဟိုပြုကာ အိမ်တည်ကြသည့်အတွက် ဧရာမ အမှိုက်ပုံကြီးက ရွာလယ်ခေါင်၌ ခန့်ငြားထည်ဝါစွာ ပေါ်ပေါက်လာရသည်။ ဤရွာ၏

ခေါင်းပန်းလှန်သူများ (၁)

Image
ဟိုးတစ်လောက ပိုက်ဆံတစ်သောင်းတန်အတု ကျနော်လက်ခံမိတဲ့အကြောင်း G+ ပေါ်တင်လိုက်သေးတယ်။ အဲ့ဒီကိစ္စက အဲ့ဒီမှာတင်ပဲ ပြီးသွားပြီထင်နေတာ ...။ ကျနော့်အမေက နှမြောတတ်တယ်။ အရင်က ကျနော်တို့ မိသားစုရဲ့ ငွေရေးကြေးရေးအခြေအနေက တော်တော်ဆိုးခဲ့ဖူးတာဆိုတော့ ငွေရေးကြေးရေးနဲ့ ပတ်သက်လာရင် အမေနှမြောတတ်တာ အပြစ်တော့ မဆိုသာဘူး။ ဒီတော့ ကျနော် ပိုက်ဆံတစ်သောင်းအတု လက်ခံမိတယ်လည်းဆိုရော အမေ့မှာ မခံချိ မခံသာဖြစ်ရော။ "မရဘူး ... ဒီပိုက်ဆံအတုကို ငါပြန်သုံးမှာ၊ ဒီအတိုင်း ပိုက်ဆံတွေကြားညပ်ပြီး ပေးရင် သူများတွေ မသိလောက်ပါဘူး" "အာ .. အမေကလည်း၊ မလုပ်ကောင်းပါဘူးဗျာ။ ကျနော်တို့ ခံရသလို သူများလည်း အဲ့လိုခံရအောင် မလုပ်ပါနဲ့" "နောက်ပြီး အမေ ဒီပိုက်ဆံကို သုံးလိုက်ပါပြီတဲ့၊ သူများက မသိဘဲ လက်ခံလိုက်ပါပြီတဲ့။ တစ်နေ့ ကျနော်တို့ဆီ ပြန်ရောက်မလာနိုင်ဘူးလို့ အမေထင်သလား" ဒီလိုနဲ့ အဲ့ပိုက်ဆံအတုကို စားပွဲအံဆွဲထဲမှာ ဒီအတိုင်းထည့်ထားလိုက်တယ်။ လွန်ခဲ့တဲ့ သုံးရက်လောက်တုန်းက ကျနော်တို့ သားအမိနှစ်ယောက်သား ညစာစားပြီးခါစအချိန်မှာ အမေ့ရဲ့သူငယ်ချင်း အိမ်ရောက်လာတယ်။ သူငယ်ချင်းနှစ်ယောက်သား တီးတိုးတီးတိုးနဲ့ ဘာတွေပြောနေမှန်း မ