အပြင်လူ


ကျနော်က ဂြိုလ်သားတစ်ကောင်ပါ
ကျနော်ရွတ်ဆိုနေကျ လူချစ်လူခင်များစေတဲ့
ဂါထာမန္တန်ဟာ
ဒီကမ္ဘာကြီးမှာ အသက်မဝင်ဘူးထင်ရဲ့
အပြင်လူတစ်ယောက်အနေနဲ့
တံခါးရွက်တွေရဲ့ နောက်ကွယ်က
ယဉ်ကျေးမှုဟာ ရှုပ်ထွေးလွန်းလို့လား
ကျနော်ပဲ ရိုးအလွန်းတာလား
'တစ်'နဲ့ 'တစ်'ပေါင်းရင်
'နှစ်'ရတယ်လို့ပြောရအောင်
မင်းက ဆရာကြီးလားတဲ့
သူစိမ်းဆန် အထီးကျန်လိုက်ရပုံများ
ကောင်းကင်မှားဆင်းမိတဲ့ ပိုးစုန်းကြူးလို
လင်းတာ လင်းနေရတယ်
ရင်တထိတ်ထိတ်နဲ့ ...
တစ်နေ့မှာ နေသားကျသွားမှာပါဆိုတဲ့
ယုံတမ်းစကားဟာ
သစ်ကိုင်းဖျားမှာ ကြွေလုနီးလို့ .....။။

နှင်းလူ


Comments

  1. ဒီလိုဖြစ်နေရတာ ဖြစ်တတ်တဲ့သဘောတရားတွေကို သိမထားလို့လို့ထင်တယ်။

    ဆက်လက်အားပေးနေပါမည်။

    ReplyDelete

Post a Comment

Popular posts from this blog

ငုပ်မိသဲတိုင် တက်နိုင်ဖျားရောက်

ကျွဲ'ပါး'စောင်းတီး

ဂဏန်းတို့၏ လှည့်ကွက်ဆန်းများ(၁)