စားကြည့် အားရှိတယ် ...
မနက်ခင်းက သာယာလို့နေသည်။ ကျေးငှက်လေးများက တီတီတာတာ၊ လိပ်ပြာစုံတွဲလေးများက တစ်ကောင်နှင့်တစ်ကောင် ကျီစယ်ရင်း ဟိုသည်ဝဲပျံလို့နေသည်။ နှစ်စက်များကြောင့် စိမ်းစိုနေသည့် သစ်ပင်၊ ပန်းမန်များက နေခြည်နုနုအောက်မှာ အရောင်လက်နေသည်။ မနက်ခင်း၏ သာသာမှုကို ခံစားငေးမောရင်း သန့်ရှင်းလတ်ဆက်သည့်လေကို တဝကြီး သူရှုသွင်းလိုက်သည်။ အခုမှပဲ လန်းဆန်းသွားတော့သည်။ မြို့ကြီးပြကြီးမှာ ကြီးပြင်းခဲ့ရသူမို့ ဒီရွာလေး၏ သာယာဆိတ်ငြိမ်မှုကို သူသဘောကျသွားသည်။ ဒီရွာလေးက သူ့ဘိုးဘွားများ၏ ချက်မြုပ်မွေးရပ်မြေဖြစ်သည်။ ရှေးရိုးဆန်သော ရွာကြီးဖြစ်ကာ ဓလေ့ထုံတမ်းကို အလွန်အလေးထားကြသည်။ တကယ်တော့ တရုတ်လူမျိုးများသည် အလွန်ဆွေမျိုးများသည့် လူမျိုးမဟုတ်ပါလား....။ အခုလည်း ကျောင်းပိတ်ရက်မို့ ဆွေးမျိုးကြီးများရွာသို့ အလည်လာခဲ့ခြင်းဖြစ်သည်။ အခုတော့ ဦးကြီးတစ်ယောက်၏ အိမ်တွင်တည်းခိုနေသည်။ မနက်ခင်း၏ အလှယဉ်ကြောမှာ သူမှင်သက်စီးမြောနေခိုက် ရုတ်တရက် သူ့နှာခေါင်းဝသို့ တိုးဝင်လာသော စူးရှရှရနံ့တစ်ခုကြောင့် သူ့ခံစားမှုတို့ ထွက်ပြေးလွင့်ပျယ်သွားကြသည်။ ပတ်ဝန်းကျင်းကို စူးစမ်းကြည့်တော့ လေကို ဖြေးညှင်းစွာ ရှုသွင်းလျှက် ထိက်ချိကစားနေသူတချို့ကို တွေ့ရသည်။ သူတို့ပ