Posts

Showing posts from 2014

ဂဏန်းတို့၏ လှည့်ကွက်ဆန်းများ(၁)

ကျွန်တော်ကိုးတန်းကျောင်းသားဘဝက အတန်းဖော်သူငယ်ချင်းယူလာတဲ့ စာအုပ်တစ်အုပ်ကနေ ထူးဆန်းတဲ့ ဂဏန်းတွက်နည်းလေးတစ်ခုကို ဖတ်မှတ်ခဲ့ရတယ်။ အဲ့ဒီဂဏန်းတွက်နည်းကို ရသေ့စိတ်ဖြေဗေဒင်လို့ စာအုပ်ထဲမှာ ဆိုထားတယ်။ ရသေ့တွေဟာ လူသူကင်းဝေးရာ တောတောင်တွေထဲမှာ တရားကျင့်ကြံနေထိုင်တဲ့အခါ စိတ်အာရုံမပျံ့လွင့်ရလေအောင် ဒီဂဏန်းတွက်နည်းလေးကို တွက်လေ့ရှိတယ်လို့ ဆိုထားတယ်။ တကယ်ဟုတ် မဟုတ်တော့ ကျွန်တော်လည်းမသိပါ။ ဒါပေမဲ့ ကျွန်တော့်အတွက်တော့ အဲ့ဒီဂဏန်းတွက်နည်းလေးဟာ ရသေ့စိတ်ဖြေဗေဒင်ကနေ ကျောင်းသားစိတ်ဖြေဗေဒင်အဖြစ် ကျောင်းတက်ရတဲ့ နေ့ရက်တွေမှာ သူငယ်ချင်းတွေနဲ့ အတူ စိတ်အပန်းဖြေစရာ ဂဏန်းတွက်နည်းလေးတစ်ခုဖြစ်လာခဲ့တယ်။ ဒီဂဏန်းတွက်နည်းလေးနဲ့ သင့်သူငယ်ချင်းရဲ့ အိမ်မှာရှိတဲ့ လူဦးရေ၊ သင့်သူငယ်ချင်းရဲ့ အသက်၊ မွေးရက်၊ မွေးလ စသဖြင့် သင်သိလိုရာကို သိခွင့်ရနိုင်စေမှာဖြစ်တယ်။ ဂဏန်းတွက်နည်းလို့ဆိုထားတဲ့အတွက် တွက်ချက်မှုကို သင်ကိုယ်တိုင်လုပ်စရာမလိုပါ၊ သင့်သူငယ်ချင်းကို တွက်ခိုင်းရမှာဖြစ်ပါတယ်၊ တွက်လို့ရလာတဲ့ အဖြေကို သင်ကကြည့်ပြီး သင့်သူငယ်ချင်းရဲ့ အသက်နဲ့ အိမ်မှာရှိတဲ့ လူဦးရေ စသည်တို့ကို ဒက်ထိမှန်အောင် ဟောစာတမ်းထုတ်ရမှာဖြစ်ပါတယ်။ ဥပမာ − ဆိုကြပါစ

စားကြည့် အားရှိတယ်

မနက်ခင်းက သာယာလို့နေသည်။ ကျေးငှက်လေးများက တီတီတာတာ၊ လိပ်ပြာစုံတွဲလေးများက တစ်ကောင်နှင့်တစ်ကောင် ကျီစယ်ရင်း ဟိုသည်ဝဲပျံလို့နေသည်။ နှစ်စက်များကြောင့် စိမ်းစိုနေသည့် သစ်ပင်၊ ပန်းမန်များက နေခြည်နုနုအောက်မှာ အရောင်လက်နေသည်။ မနက်ခင်း၏ သာသာမှုကို ခံစားငေးမောရင်း သန့်ရှင်းလတ်ဆက်သည့်လေကို တဝကြီး သူရှုသွင်းလိုက်သည်။ အခုမှပဲ လန်းဆန်းသွားတော့သည်။ မြို့ကြီးပြကြီးမှာ ကြီးပြင်းခဲ့ရသူမို့ ဒီရွာလေး၏ သာယာဆိတ်ငြိမ်မှုကို သူသဘောကျသွားသည်။ ဒီရွာလေးက သူ့ဘိုးဘွားများ၏ ချက်မြုပ်မွေးရပ်မြေဖြစ်သည်။ ရှေးရိုးဆန်သော ရွာကြီးဖြစ်ကာ ဓလေ့ထုံတမ်းကို အလွန်အလေးထားကြသည်။ တကယ်တော့ တရုတ်လူမျိုးများသည် အလွန်ဆွေမျိုးများသည့် လူမျိုးမဟုတ်ပါလား....။ အခုလည်း ကျောင်းပိတ်ရက်မို့ ဆွေးမျိုးကြီးများရွာသို့ အလည်လာခဲ့ခြင်းဖြစ်သည်။ အခုတော့ ဦးကြီးတစ်ယောက်၏ အိမ်တွင်တည်းခိုနေသည်။ မနက်ခင်း၏ အလှယဉ်ကြောမှာ သူမှင်သက်စီးမြောနေခိုက် ရုတ်တရက် သူ့နှာခေါင်းဝသို့ တိုးဝင်လာသော စူးရှရှရနံ့တစ်ခုကြောင့် သူ့ခံစားမှုတို့ ထွက်ပြေးလွင့်ပျယ်သွားကြသည်။ ပတ်ဝန်းကျင်းကို စူးစမ်းကြည့်တော့ လေကို ဖြေးညှင်းစွာ ရှုသွင်းလျှက် ထိက်ချိကစားနေသူတချို့ကို တွေ့ရသည်။ သူတို့ပ