Posts

Showing posts from February, 2017

လူကြီးမင်းများရွာ ...

Image
(၁) ဤရွာအမည်က ခန့်ငြားလှပသည်။ "လူကြီးမင်းများရွာ" ဟူ၏။ တစ်ချိန် တစ်ခါကတော့ ရွာအမည်နှင့် လိုက်ဖက်စွာ ဤရွာ၌ လူတော်လူကောင်းများ နေထိုင်ခဲ့ဖူးသည်။ ယခုသော်ကား .... (၂) ပြဿနာက ရွာလယ်က အမှိုက်ပုံကြီးက စသည်။ ဤရွာကြီး ယခုလောက်ကြီးမားပြီး မစည်ကားခင်အချိန်က အမှိုက်များကို ခပ်လွယ်လွယ် စွန့်ပစ်ခဲ့ကြသည်။ စွန့်ပစ်အမှိုက်ဟု ဆိုသည့်အတိုင်း ထမင်းကျန်ဟင်းကျန်သာမက ဘုစုခရုလေးတွေ၏ ချီးသေးတွေအပြင် အခြားစွန့်ပစ်ပစ္စည်းများလည်းပါဝင်သည်။ အစောပိုင်းကာလတွင် စွန့်ပစ်ပစ္စည်းများ ယခုလောက် သိပ်မများသည့်အပြင် လူနေအိမ်ခြေနည်းသည့်အတွက် အမှိုက်ပုံကြီး၏ ဆိုးရွားသည့် ရနံ့နှင့် နောက်ဆက်တွဲ ကျန်းမာရေးပြဿနာများက သိပ်မရှိခဲ့ချေ။ ထို့ကြောင့်လည်း အားလုံးက သိပ်အရေးမကြီးသယောင် ခပ်ပေါ့ပေါ့ သဘောထားခဲ့ကြသည်။ ယခုတော့ ရွာကြီးတစ်ရွာဖြစ်လာခဲ့ပြီ၊ လူနေအိမ်ခြေများလာသည်။ လူများလျှင် ချီး(ချေး)များသည်ဟူသည့် စကားအတိုင်း အမှိုက်ပုံကြီးကလည်း ကြီးသထက် ကြီးလာသည်။ ပိုဆိုးသည်က အားလုံးလိုလိုက လွယ်ကူစွာ အမှိုက်ပစ်ရန်အတွက် အမှိုက်ပုံကြီးကို ဗဟိုပြုကာ အိမ်တည်ကြသည့်အတွက် ဧရာမ အမှိုက်ပုံကြီးက ရွာလယ်ခေါင်၌ ခန့်ငြားထည်ဝါစွာ ပေါ်ပေါက်လာရသည်။ ဤရွာ၏