Posts

Showing posts with the label ပုံပြင်

လှည့်ကွက်

Image
တစ်ခါတုန်းက ထူးဆန်းတဲ့ ရွာတစ်ရွာကို ခရီးသွားလူတစ်ယောက် ရောက်သွားတယ်။ ထူးဆန်းရတဲ့ အကြောင်းရင်းက ရွာသူရွာသားတွေဟာ ထူးထူးခြားခြား အသက်ရှည်ပြီး ကျန်းမာပျော်ရွှင်ကြတယ်။ တခြားရွာကလူတွေလို သူတို့ရဲ့နေ့စဉ်ဘဝမှာ အခက်အခဲတွေ၊ ဒုက္ခတွေ၊ အဆင်မပြေမှုတွေ ရှိပေမဲ့လည်း ဒီရွာကလူတွေဟာ ပျော်ပျော်နေကြတာပဲ။ ခရီးသွားဧည့်သည်လေးကို စိတ်ဝင်စားစေတဲ့ အရာက ရွာရဲ့ နတ်ကွန်းကြီးပါပဲ။ တခမ်းတနားကြီးကို ဆောက််ထားတဲ့ နတ်ကွန်း။ လူစိမ်းအဝင်မခံဘဲ အစောင့်အကျပ်တွေချထားတယ်။ အဲ့ဒီနတ်ကွန်းထဲကို ရွာသူရွာသားတွေဟာ မနက်လင်းတာနဲ့ ဝင်ပြီးဝတ်ပြုပြီးတာနဲ့ ပြန်ထွက်လာတဲ့အခါ အားလုံးဟာ ပြုံးရွှင်နေကြတယ်။ တချို့ကလည်း ရယ်မောလို့။ ဒီတော့ ခရီးသွားလေးဟာ နတ်ကွန်းထဲ ဝင်ကြည့်ချင်စိတ် တဖွားဖွားပေါ်လာတာပေါ့၊ နတ်ကွန်းထဲမှာ လျှို့ဝှက်ချက်တွေများ ရှိမလား၊ ဒီရွာသူရွာသားတွေ ဒီလောက် ကျန်းမာပျော်ရွှင်နေကြတာ နတ်ကွန်းထဲမှာ တန်ခိုးကြီးတဲ့ အရာတစ်ခုခုရှိရမယ်။ သူလည်း အသက်ရှည်ပြီး ကျန်းမာပျော်ရွှင်ချင်တယ်လေ။ ဒါကြောင့် တစ်ညမှာ အစောင့်တွေအိပ်ငိုက်နေတုန်း နတ်ကွန်းထဲကို ခိုးဝင်လိုက်တယ်။ နတ်ကွန်းထဲမှာ အရောင်မွဲခြောက်ခြောက် နတ်ရုပ်ကြီးတစ်ခုနဲ့ အရောင်တဖိတ်ဖ...

လူကြီးမင်းများရွာ ...

Image
(၁) ဤရွာအမည်က ခန့်ငြားလှပသည်။ "လူကြီးမင်းများရွာ" ဟူ၏။ တစ်ချိန် တစ်ခါကတော့ ရွာအမည်နှင့် လိုက်ဖက်စွာ ဤရွာ၌ လူတော်လူကောင်းများ နေထိုင်ခဲ့ဖူးသည်။ ယခုသော်ကား .... (၂) ပြဿနာက ရွာလယ်က အမှိုက်ပုံကြီးက စသည်။ ဤရွာကြီး ယခုလောက်ကြီးမားပြီး မစည်ကားခင်အချိန်က အမှိုက်များကို ခပ်လွယ်လွယ် စွန့်ပစ်ခဲ့ကြသည်။ စွန့်ပစ်အမှိုက်ဟု ဆိုသည့်အတိုင်း ထမင်းကျန်ဟင်းကျန်သာမက ဘုစုခရုလေးတွေ၏ ချီးသေးတွေအပြင် အခြားစွန့်ပစ်ပစ္စည်းများလည်းပါဝင်သည်။ အစောပိုင်းကာလတွင် စွန့်ပစ်ပစ္စည်းများ ယခုလောက် သိပ်မများသည့်အပြင် လူနေအိမ်ခြေနည်းသည့်အတွက် အမှိုက်ပုံကြီး၏ ဆိုးရွားသည့် ရနံ့နှင့် နောက်ဆက်တွဲ ကျန်းမာရေးပြဿနာများက သိပ်မရှိခဲ့ချေ။ ထို့ကြောင့်လည်း အားလုံးက သိပ်အရေးမကြီးသယောင် ခပ်ပေါ့ပေါ့ သဘောထားခဲ့ကြသည်။ ယခုတော့ ရွာကြီးတစ်ရွာဖြစ်လာခဲ့ပြီ၊ လူနေအိမ်ခြေများလာသည်။ လူများလျှင် ချီး(ချေး)များသည်ဟူသည့် စကားအတိုင်း အမှိုက်ပုံကြီးကလည်း ကြီးသထက် ကြီးလာသည်။ ပိုဆိုးသည်က အားလုံးလိုလိုက လွယ်ကူစွာ အမှိုက်ပစ်ရန်အတွက် အမှိုက်ပုံကြီးကို ဗဟိုပြုကာ အိမ်တည်ကြသည့်အတွက် ဧရာမ အမှိုက်ပုံကြီးက ရွာလယ်ခေါင်၌ ခန့်ငြားထည်ဝါစွာ ပေါ်ပေါက်လာရသည်။ ဤရွာ၏...

စားကြည့် အားရှိတယ် ...

မနက်ခင်းက သာယာလို့နေသည်။ ကျေးငှက်လေးများက တီတီတာတာ၊ လိပ်ပြာစုံတွဲလေးများက တစ်ကောင်နှင့်တစ်ကောင် ကျီစယ်ရင်း ဟိုသည်ဝဲပျံလို့နေသည်။ နှစ်စက်များကြောင့် စိမ်းစိုနေသည့် သစ်ပင်၊ ပန်းမန်များက နေခြည်နုနုအောက်မှာ အရောင်လက်နေသည်။ မနက်ခင်း၏ သာသာမှုကို ခံစားငေးမောရင်း သန့်ရှင်းလတ်ဆက်သည့်လေကို တဝကြီး သူရှုသွင်းလိုက်သည်။ အခုမှပဲ လန်းဆန်းသွားတော့သည်။ မြို့ကြီးပြကြီးမှာ ကြီးပြင်းခဲ့ရသူမို့ ဒီရွာလေး၏ သာယာဆိတ်ငြိမ်မှုကို သူသဘောကျသွားသည်။ ဒီရွာလေးက သူ့ဘိုးဘွားများ၏ ချက်မြုပ်မွေးရပ်မြေဖြစ်သည်။ ရှေးရိုးဆန်သော ရွာကြီးဖြစ်ကာ ဓလေ့ထုံတမ်းကို အလွန်အလေးထားကြသည်။ တကယ်တော့ တရုတ်လူမျိုးများသည် အလွန်ဆွေမျိုးများသည့် လူမျိုးမဟုတ်ပါလား....။ အခုလည်း ကျောင်းပိတ်ရက်မို့ ဆွေးမျိုးကြီးများရွာသို့ အလည်လာခဲ့ခြင်းဖြစ်သည်။ အခုတော့ ဦးကြီးတစ်ယောက်၏ အိမ်တွင်တည်းခိုနေသည်။ မနက်ခင်း၏ အလှယဉ်ကြောမှာ သူမှင်သက်စီးမြောနေခိုက် ရုတ်တရက် သူ့နှာခေါင်းဝသို့ တိုးဝင်လာသော စူးရှရှရနံ့တစ်ခုကြောင့် သူ့ခံစားမှုတို့ ထွက်ပြေးလွင့်ပျယ်သွားကြသည်။ ပတ်ဝန်းကျင်းကို စူးစမ်းကြည့်တော့ လေကို ဖြေးညှင်းစွာ ရှုသွင်းလျှက် ထိက်ချိကစားနေသူတချို့ကို တွေ့ရသည်။ သူတို့ပ...

ငုပ်မိသဲတိုင် တက်နိုင်ဖျားရောက်

ဖတ်ခဲ့ဖူးတဲ့ ပုံပြင်လေးတစ်ပုဒ်ပါ ... ။ တစ်ခါတုန်းက ရွာတစ်ရွာမှာ နွားကျောင်းသားတစ်ဦးဟာ နွားကျောင်းနေသတဲ့။ တစ်နေ့တော့ နွားကျောင်းနေရင်းနဲ့ တစ်နေရာအရောက်မှာ ဇော်ဂျီတစ်ပါးဟာ ကျောက်ပြင်ကြီးပေါ်မှာ ဆေးကြိတ်နေတာနဲ့ သွားတိုးသတဲ့။ လူသားတစ်ယောက်ရောက်လာတယ်ဆိုပြီး အဲ့ဒီဇော်ဂျီကလည်း ကြိတ်လက်စ ဆေးကို ဒီအတိုင်းထားခဲ့ပြီး ထပျံသွားသတဲ့။ ဒီတော့ နွားကျောင်းသားလေးက ဝမ်းသာအားရနဲ့ "ငါတော့ ဇော်ဂျီရဲ့ ဆေးအစွမ်းနဲ့ အာဂလူဖြစ်ရချေရဲ့" လို့ အောက်မေ့ပြီး ဇော်ဂျီကြိတ်ထားခဲ့တဲ့ ကျောက်ပြင်ပေါ်က ဆေးကို ယူစားသတဲ့ ... အရသာကတော့ ဖန်တွတွနဲ့ပေါ့။ အဲ့လို ဆေးစားပြီး သိပ်မကြာပါဘူး ဆေးစွမ်းပြလာသတဲ့ ... တစ်ကိုယ်လုံးဖိန်းတိန်းရှိန်းတိန်းဖြစ်လာပြီး ခန္ဓာကိုယ်ကလည်း ပေါ့ပါးလာပြီး နွားကျောင်းသားလေးဟာ လေထဲကို တဖြည်းဖြည်း မြောက်တက်လာတယ်တဲ့။ နွားကျောင်းသားလေးကတော့ "ငါတော့ မိုးပျံနိုင်ပြီထင်ရဲ့" လို့တွေးပြီး အင်မတန် ဝမ်းသာနေသတဲ့။ ဒါပေမဲ့ လေထဲမြောက်တက်လာတဲ့ နွားကျောင်းသားလေးဟာ ထင်ထားသလို မိုးပေါ်လည်း စိတ်ထင်တိုင်း မပျံနိုင်၊ မြေပေါ်လည်း မဆင်းနိုင်ရှာတော့ပဲ လေထဲမှာ ကန့်လန့်ကြီး ကိုးရိုးကားယားဖြစ်နေသတဲ့။ ဘာကြောင့်လဲဆိုတ...