Posts

Showing posts from March, 2017

လှည့်ကွက်

Image
တစ်ခါတုန်းက ထူးဆန်းတဲ့ ရွာတစ်ရွာကို ခရီးသွားလူတစ်ယောက် ရောက်သွားတယ်။ ထူးဆန်းရတဲ့ အကြောင်းရင်းက ရွာသူရွာသားတွေဟာ ထူးထူးခြားခြား အသက်ရှည်ပြီး ကျန်းမာပျော်ရွှင်ကြတယ်။ တခြားရွာကလူတွေလို သူတို့ရဲ့နေ့စဉ်ဘဝမှာ အခက်အခဲတွေ၊ ဒုက္ခတွေ၊ အဆင်မပြေမှုတွေ ရှိပေမဲ့လည်း ဒီရွာကလူတွေဟာ ပျော်ပျော်နေကြတာပဲ။ ခရီးသွားဧည့်သည်လေးကို စိတ်ဝင်စားစေတဲ့ အရာက ရွာရဲ့ နတ်ကွန်းကြီးပါပဲ။ တခမ်းတနားကြီးကို ဆောက််ထားတဲ့ နတ်ကွန်း။ လူစိမ်းအဝင်မခံဘဲ အစောင့်အကျပ်တွေချထားတယ်။ အဲ့ဒီနတ်ကွန်းထဲကို ရွာသူရွာသားတွေဟာ မနက်လင်းတာနဲ့ ဝင်ပြီးဝတ်ပြုပြီးတာနဲ့ ပြန်ထွက်လာတဲ့အခါ အားလုံးဟာ ပြုံးရွှင်နေကြတယ်။ တချို့ကလည်း ရယ်မောလို့။ ဒီတော့ ခရီးသွားလေးဟာ နတ်ကွန်းထဲ ဝင်ကြည့်ချင်စိတ် တဖွားဖွားပေါ်လာတာပေါ့၊ နတ်ကွန်းထဲမှာ လျှို့ဝှက်ချက်တွေများ ရှိမလား၊ ဒီရွာသူရွာသားတွေ ဒီလောက် ကျန်းမာပျော်ရွှင်နေကြတာ နတ်ကွန်းထဲမှာ တန်ခိုးကြီးတဲ့ အရာတစ်ခုခုရှိရမယ်။ သူလည်း အသက်ရှည်ပြီး ကျန်းမာပျော်ရွှင်ချင်တယ်လေ။ ဒါကြောင့် တစ်ညမှာ အစောင့်တွေအိပ်ငိုက်နေတုန်း နတ်ကွန်းထဲကို ခိုးဝင်လိုက်တယ်။ နတ်ကွန်းထဲမှာ အရောင်မွဲခြောက်ခြောက် နတ်ရုပ်ကြီးတစ်ခုနဲ့ အရောင်တဖိတ်ဖ