Posts

Showing posts from May, 2016

အပျင်းပြေဖတ်စာ

တစ်နေ့တစ်၌ … ကျွန်ုပ်လည်း ပျင်းပျင်းရှိသည်နှင့် (မှတ်ချက်။ ။“ပျင်းပျင်း" ဆိုသည်မှာ လူအမည်မဟုတ်ပါ) အပျင်းပြေရန်အလို့ငှာ  facebook ကိုဖွင့်ကြည့်မိလေ၏။ ပြီးလျှင် အများသူငါ အပျင်းပြေတင်ထားကြလေသော စာများ၊ ဓာတ်ပုံများ၊ သတင်းများ၊ အတင်းများ၊ အဖျင်းများ စသည်တို့ကို 'ပျင်းရိလေးလံစွာဖြင့်' လိုက်လံဖတ်ရှုမိလေ၏။ ကောင်မလေးတစ်ယောက်က ပုံတစ်ပုံတင်ကာ ဤသို့ရေးထားလေ၏ … "ခစ်ခစ် … ဒီနေ့ အမျိုးတစ်ယောက်ဆုံးလို့ အသုဘလိုက်ပို့တုန်းက ရိုက်ထားတာလေ … လှလားတိဝူး … ခစ်ခစ်"။ ဒါကိုပဲ မောင်နှာခေါင်းကြီးများက Like ဗုံးကြဲကာ နှာသံလေးများဖြင့် ကွန်မန့်များပေးကြသည်ကိုတွေ့ရ၏ ... ” အော်... ခေးရယ်... နောက်ခံအုတ်ဂူဖွေးဖွေးလေးတွေနဲ့ အရမ်းလှတာပဲ ...” စသည်ဖြင့် …. စသည်ဖြင့် … အခြားဘဲတစ်ကောင်ကလည်း (မှတ်ချက်။။ "ဘဲ" ဟုဆိုသော်လည်း တစ်ကယ့်"ဘဲ" မဟုတ်ပါ) အထင်ကြီးစရာကောင်းလောက်အောင်ပင် ဤသို့ရေးတင်ထားပြန်လေ၏ … "ကိုယ်နဲ့ ဇာတ်လမ်းပြတ်သွားတဲ့ ကောင်မရဲ့ ဘဲအသစ်က ကိုယ့်လောက်မချောဘူးဆိုတာသိရတော့ ဝမ်းသာတာကွာ …”၊ "ဝမ်းသာလုံးဆို့ပြီး သေသွားလဲ အေးသာပဲကွာ" ဟူသော ကွန်မန့်ကိုတော့ ပျင်းရိနေသောကြေ

"ဗျာ... ကျွန့်တော့်အမေ...??"

တစ်ရက်မှာတော့ လူတစ်ယောက်ဟာ စျေးဆိုင်ကြီးတစ်ခုမှာ လိုအပ်တာလေးတွေ လာဝယ်သတဲ့။ တွန်းလှည်းလေးတွန်းရင် လိုအပ်တဲ့ပစ္စည်းတွေကိုလိုက်ရှာရင်းနဲ့  သူ့နောက်ကို မယောင်မလည်နဲ့ လိုက်ကြည့်နေတဲ့ အန်တီကြီးတစ်ယောက်ကို သတိထားလိုက်မိတယ်။ လူချင်းတူလို့ မှားကြည့်တာလည်း ဖြစ်ကောင်းဖြစ်နိုင်တာပဲလို့တွေးပြီး သူလိုချင်တဲ့ပစ္စည်းလေးတွေကိုပဲ ရွေးယူနေမိတယ်။ ဒါပေမဲ့ အဲ့အန်တီကြီးကတော့ သူ့ကိုခပ်လှမ်းလှမ်းကနေ ကြည့်နေပြန်တော့ စိတ်ထဲတစ်မျိုးဖြစ်သွားတယ်....၊ သူ့ကိုကြည့်နေပုံက မရိုးမသားစိတ်ပါဟန်တော့မတူ၊ မိခင်က သားကိုကြည့်သည့်အကြည့်မျိုး၊ သို့သော် ဝမ်းနည်းကြေကွဲနေဟန်တူသည်၊ ခင်မင်ရင်းနှီးနေဟန်လည်း ပါသည်.... တစ်ခုခုတော့ တစ်ခုခုပဲ...။ သူ့အတွေးနဲ့သူ ပစ္စည်းရှာနေခိုက် ထိုအန်တီကြီးက သူ့ရှေ့ရောက်လာသည်၊ ပစ္စည်းတွေတော်တော်များများကိုလည်း အန်တီကြီး၏ တွန်းလှည်းထဲမှာတွေ့ရသည်။ "စိတ်မရှိပါနဲ့နော် ငါ့တူ....၊ ငါ့တူက ကွယ်လွန်သွားတဲ့ အန်တီ့သားနဲ့ အရမ်းတူနေလို့ မင်းကိုအန်တီ့သားအမှတ်နဲ့ ကြည့်နေမိတာ...." "အော်.... ရပါတယ် အန်တီ၊ ကျွန်တော်လည်း အဲ့ဒါကိုသတိထားမိပါတယ်၊ လူချင်းမှားနေလို့တော့ ထင်သား..." အန်တီကြီးက အနည်းငယ်အားနာဟန်ဖြ

ငုပ်မိသဲတိုင် တက်နိုင်ဖျားရောက်

ဖတ်ခဲ့ဖူးတဲ့ ပုံပြင်လေးတစ်ပုဒ်ပါ ... ။ တစ်ခါတုန်းက ရွာတစ်ရွာမှာ နွားကျောင်းသားတစ်ဦးဟာ နွားကျောင်းနေသတဲ့။ တစ်နေ့တော့ နွားကျောင်းနေရင်းနဲ့ တစ်နေရာအရောက်မှာ ဇော်ဂျီတစ်ပါးဟာ ကျောက်ပြင်ကြီးပေါ်မှာ ဆေးကြိတ်နေတာနဲ့ သွားတိုးသတဲ့။ လူသားတစ်ယောက်ရောက်လာတယ်ဆိုပြီး အဲ့ဒီဇော်ဂျီကလည်း ကြိတ်လက်စ ဆေးကို ဒီအတိုင်းထားခဲ့ပြီး ထပျံသွားသတဲ့။ ဒီတော့ နွားကျောင်းသားလေးက ဝမ်းသာအားရနဲ့ "ငါတော့ ဇော်ဂျီရဲ့ ဆေးအစွမ်းနဲ့ အာဂလူဖြစ်ရချေရဲ့" လို့ အောက်မေ့ပြီး ဇော်ဂျီကြိတ်ထားခဲ့တဲ့ ကျောက်ပြင်ပေါ်က ဆေးကို ယူစားသတဲ့ ... အရသာကတော့ ဖန်တွတွနဲ့ပေါ့။ အဲ့လို ဆေးစားပြီး သိပ်မကြာပါဘူး ဆေးစွမ်းပြလာသတဲ့ ... တစ်ကိုယ်လုံးဖိန်းတိန်းရှိန်းတိန်းဖြစ်လာပြီး ခန္ဓာကိုယ်ကလည်း ပေါ့ပါးလာပြီး နွားကျောင်းသားလေးဟာ လေထဲကို တဖြည်းဖြည်း မြောက်တက်လာတယ်တဲ့။ နွားကျောင်းသားလေးကတော့ "ငါတော့ မိုးပျံနိုင်ပြီထင်ရဲ့" လို့တွေးပြီး အင်မတန် ဝမ်းသာနေသတဲ့။ ဒါပေမဲ့ လေထဲမြောက်တက်လာတဲ့ နွားကျောင်းသားလေးဟာ ထင်ထားသလို မိုးပေါ်လည်း စိတ်ထင်တိုင်း မပျံနိုင်၊ မြေပေါ်လည်း မဆင်းနိုင်ရှာတော့ပဲ လေထဲမှာ ကန့်လန့်ကြီး ကိုးရိုးကားယားဖြစ်နေသတဲ့။ ဘာကြောင့်လဲဆိုတ