Posts

ခေါင်းပန်းလှန်သူများ (၁)

Image
ဟိုးတစ်လောက ပိုက်ဆံတစ်သောင်းတန်အတု ကျနော်လက်ခံမိတဲ့အကြောင်း G+ ပေါ်တင်လိုက်သေးတယ်။ အဲ့ဒီကိစ္စက အဲ့ဒီမှာတင်ပဲ ပြီးသွားပြီထင်နေတာ ...။ ကျနော့်အမေက နှမြောတတ်တယ်။ အရင်က ကျနော်တို့ မိသားစုရဲ့ ငွေရေးကြေးရေးအခြေအနေက တော်တော်ဆိုးခဲ့ဖူးတာဆိုတော့ ငွေရေးကြေးရေးနဲ့ ပတ်သက်လာရင် အမေနှမြောတတ်တာ အပြစ်တော့ မဆိုသာဘူး။ ဒီတော့ ကျနော် ပိုက်ဆံတစ်သောင်းအတု လက်ခံမိတယ်လည်းဆိုရော အမေ့မှာ မခံချိ မခံသာဖြစ်ရော။ "မရဘူး ... ဒီပိုက်ဆံအတုကို ငါပြန်သုံးမှာ၊ ဒီအတိုင်း ပိုက်ဆံတွေကြားညပ်ပြီး ပေးရင် သူများတွေ မသိလောက်ပါဘူး" "အာ .. အမေကလည်း၊ မလုပ်ကောင်းပါဘူးဗျာ။ ကျနော်တို့ ခံရသလို သူများလည်း အဲ့လိုခံရအောင် မလုပ်ပါနဲ့" "နောက်ပြီး အမေ ဒီပိုက်ဆံကို သုံးလိုက်ပါပြီတဲ့၊ သူများက မသိဘဲ လက်ခံလိုက်ပါပြီတဲ့။ တစ်နေ့ ကျနော်တို့ဆီ ပြန်ရောက်မလာနိုင်ဘူးလို့ အမေထင်သလား" ဒီလိုနဲ့ အဲ့ပိုက်ဆံအတုကို စားပွဲအံဆွဲထဲမှာ ဒီအတိုင်းထည့်ထားလိုက်တယ်။ လွန်ခဲ့တဲ့ သုံးရက်လောက်တုန်းက ကျနော်တို့ သားအမိနှစ်ယောက်သား ညစာစားပြီးခါစအချိန်မှာ အမေ့ရဲ့သူငယ်ချင်း အိမ်ရောက်လာတယ်။ သူငယ်ချင်းနှစ်ယောက်သား တီးတိုးတီးတိုးနဲ့ ဘာတွေပြောနေမှန်း မ...

ကျနော်တို့ခြံထဲက ကြက်များအကြောင်း

ကျနော်တို့ခြံထဲမှာ မွေးမြူထားတဲ့ ကြက်တွေ ၆ ကောင်၊ ၇ကောင်လောက် ရှိပါတယ်။ အဲ့ထဲမှာမှ ကြက်ဖနှစ်ကောင်တည်းပါပြီး ကျန်တာ ကြက်မတွေချည်းပါ။ ရှိတဲ့ ကြက်ဖနှစ်ကောင်ထဲမှာ တစ်ကောင်က အခုမှ အရွယ်ရောက်စရှိတုန်းဆိုတော့ ကျန်တဲ့ ကြက်ဖကြီးက ခြံထဲက ကြက်မကြီးတွေရဲ့ နှင်းဆီခိုင်ပဲ ဆိုပါတော့။ ငယ်ငယ်တုန်းကတော့ ကြက်သားဟင်းစားရတဲ့အခါ ကြက်ရဲ့ နှလုံးပိစိကွေးလေးနဲ့ ဦးနှောက်ပိစိကွေးလေးကို အတော်ကြိုက်ခဲ့ဖူးတယ်။ စိတ်ထဲမှာတော့ ဒီကြက်တွေမှာ ဦးနှောက်နဲ့ နှလုံးသားပါပေမဲ့ တွေးတော ခံစားတတ်ပုံလည်း မရဘူးလို့ ထင်ခဲ့တယ်။ သူတို့ဘာသာ ခြံထဲမှာ အစာရှာစားမယ်။ ဥချိန်တန် ဥမယ်။ တွန်ချင်တဲ့အချိန် ထတွန်မယ်၊ ဘာမှ စိတ်ဝင်စားစရာကောင်းတဲ့ သတ္တဝါ မဟုတ်ဘူးပေါ့။ ဒါပေမဲ့ ကျနော်ထင်သလို မဟုတ်ပါဘူး။ ကြက်တွေမှာလည်း တစ်ခါတစ်လေ ကျနော်တို့ လူတွေမှာ ချို့တဲ့တတ်တဲ့ 'တာဝန်ယူမှု'၊ 'ဖေးမစောင့်ရှောက်မှု' တွေ ရှိပါတယ်။ ဆိုပါတော့ ကြက်မကြီးတွေဟာ ဥဝပ်တဲ့အချိန်ဆို သူတို့အနားကပ်တာ သိပ်မကြိုက်ပါဘူး။ ကြက်ကလေးတွေ ပေါက်လာတဲ့အခါကျရင်လည်း သူ့ကလေးတွေကို ရန်ပြုမယ်ထင်ရင် လိုက်ဆိတ်တတ်သေးတယ်၊ ကြက်ကလေးတွေကို ကြက်မေမေကြီးက ဦးဆောင်ပြီး အစာရှာထွက်တယ်။ ကြက်ပေါက်လေ...

ရွာတစ်ရွာအကြောင်း

တစ်ခါက အတွင်းခံဘောင်းဘီမဝတ်တဲ့ ရွာတစ်ရွာရှိတယ်။ သူတို့အတွက် အတွင်းခံဘောင်းဘီဆိုတာ အပိုအဝတ်လို့ သတ်မှတ်ထားကြတယ်၊ လွတ်လပ်မှုမရှိဘူးလို့ ခံယူထားကြတယ်၊ နောက်ပြီး အတွင်းခံဘောင်းဘီဝတ်တာဟာ မသန့်ရှင်းဘူးဆိုပြီး .... အူကြောင်ကြောင် တွေးထင်ထားတဲ့အတွက် ဘယ်ရွာသူ၊ ရွာသားကမှ အတွင်းခံဘောင်းဘီ မဝတ်ကြပါဘူး။ တစ်နေ့တော့ အဲ့ဒီရွာကို အပျော်တမ်းခရီးထွက်လာသူတွေ ရောက်လာတယ်။ ရွာသူရွာသားတွေကို တွေ့တော့ အံ့အားသင့်သွားကြတယ်၊ သဘာဝ ဖရီးစတိုင်လ် တွေနဲ့ အတွင်းခံမဝတ်တဲ့ အဲ့ဒီရွာက လူတွေကို သူတို့တွေ မေးမြန်းစပ်စုကြတယ်။ ဘာကြောင့် အတွင်းခံမဝတ်ကြတာလည်းပေါ့။ ဒီတော့ ရွာသူရွာသားတွေကလည်း သူတို့ရဲ့ အတွင်းခံဘောင်းဘီတို မဝတ်ရခြင်းဒဿနတွေကို ဟောကြားရတာပေါ့။ အတွင်းခံဘောင်းဘီဝတ်ရတာ သူတို့အတွက် အပိုအလုပ် တစ်ခုဖြစ်ကြောင်း၊  ထိုတစ်ထွာတစ်မိုက်ခန့်မျှသော ဘောင်းဘီတိုဝတ်ထားသည့်အတွက် မလွတ်လပ်ကြောင်း၊ ပူအိုက်ကြောင်း၊ နောက်ပြီး မိမိတို့ သဘာဝအတိုင်း နေရခြင်းသည် သန့်ရှင်းသည်ဟု ယူဆသည့်အတွက် မဝတ်ကြောင်း စသဖြင့် ဧည့်သည်ခရီးသွားတွေကို ရှင်းပြရှာပါတယ်။ အဲ့လိုပြောတာကြားတော့ ခရီးသွားလူတွေက ရွာသူရွာသားတွေကို သနားသွားတယ်၊ တောကြိုအုံကြားမှာနေပြီး အသိ...

စားကြည့် အားရှိတယ် ...

မနက်ခင်းက သာယာလို့နေသည်။ ကျေးငှက်လေးများက တီတီတာတာ၊ လိပ်ပြာစုံတွဲလေးများက တစ်ကောင်နှင့်တစ်ကောင် ကျီစယ်ရင်း ဟိုသည်ဝဲပျံလို့နေသည်။ နှစ်စက်များကြောင့် စိမ်းစိုနေသည့် သစ်ပင်၊ ပန်းမန်များက နေခြည်နုနုအောက်မှာ အရောင်လက်နေသည်။ မနက်ခင်း၏ သာသာမှုကို ခံစားငေးမောရင်း သန့်ရှင်းလတ်ဆက်သည့်လေကို တဝကြီး သူရှုသွင်းလိုက်သည်။ အခုမှပဲ လန်းဆန်းသွားတော့သည်။ မြို့ကြီးပြကြီးမှာ ကြီးပြင်းခဲ့ရသူမို့ ဒီရွာလေး၏ သာယာဆိတ်ငြိမ်မှုကို သူသဘောကျသွားသည်။ ဒီရွာလေးက သူ့ဘိုးဘွားများ၏ ချက်မြုပ်မွေးရပ်မြေဖြစ်သည်။ ရှေးရိုးဆန်သော ရွာကြီးဖြစ်ကာ ဓလေ့ထုံတမ်းကို အလွန်အလေးထားကြသည်။ တကယ်တော့ တရုတ်လူမျိုးများသည် အလွန်ဆွေမျိုးများသည့် လူမျိုးမဟုတ်ပါလား....။ အခုလည်း ကျောင်းပိတ်ရက်မို့ ဆွေးမျိုးကြီးများရွာသို့ အလည်လာခဲ့ခြင်းဖြစ်သည်။ အခုတော့ ဦးကြီးတစ်ယောက်၏ အိမ်တွင်တည်းခိုနေသည်။ မနက်ခင်း၏ အလှယဉ်ကြောမှာ သူမှင်သက်စီးမြောနေခိုက် ရုတ်တရက် သူ့နှာခေါင်းဝသို့ တိုးဝင်လာသော စူးရှရှရနံ့တစ်ခုကြောင့် သူ့ခံစားမှုတို့ ထွက်ပြေးလွင့်ပျယ်သွားကြသည်။ ပတ်ဝန်းကျင်းကို စူးစမ်းကြည့်တော့ လေကို ဖြေးညှင်းစွာ ရှုသွင်းလျှက် ထိက်ချိကစားနေသူတချို့ကို တွေ့ရသည်။ သူတို့ပ...

ကွန်ပျူတာရူးသူ သို့မဟုတ် ကွန်ပျူတာကြောင့်ရူးသူ

ကွန်ပျူတာနဲ့ ပတ်သက်လို့ဗဟုသုတလည်း မရှိပါဘဲနဲ့ သူများပြောတဲ့ ကွန်ပျူတာအကြောင်းကို နားထောင်ရင်းနဲ့ ကွန်ပျူတာပိုး စဝင်ခဲ့တဲ့ ကျွန်တော်ဟာ ကွန်ပျူတာကို စသုံးကတည်းက အလွဲလွဲအချော်ချော်တွေနဲ့ စခဲ့တာပါ။ အဲ့ဒီတုန်းက Virus ဆိုတာ ဘာမှန်းမသိပါဘူး။ ဖတ်ဖူးတဲ့ ကွန်ပျူတာစာအုပ်တွေထဲမှာတော့ ဗိုင်းရပ်စ်ရှိရင် ကွန်ပျူတာ လေးလံလာတတ်တယ်တဲ့....၊ ဖြစ်ချင်တော့ ကျွန်တော့်ကွန်ပျူတာက ဝယ်ကတည်းက လေး(နှေး)ပါတယ်။ တစ်ခါတလေကျရင် ကြောင်ပြီးရပ်နေတော့ virus ကြောင့်ဖြစ်ရမယ်ဆိုပြီး ဖတ်ထားဖူးတဲ့အတိုင်း Window registry ကိုဝင်ကလိပါတယ်။ မသင်္ကာတဲ့ key တွေဆိုရင် Delete လုပ်ပစ်လိုက်တယ်... အဟီး... virus တော့မသေဘူး...။ Window ကတော့ မသေမရှင်ဖြစ်သွားတယ်ဗျ။ မသေမရှင်ဆိုတာက ဝင်းဒိုးကတော့ တက်တယ်။ ဒါပေမဲ့ ဘာမှဖွင့်ကြည့်လို့မရတော့ဘူး... အဲ.. ဗီဒီယိုတော့ဖွင့်ကြည့်လိုရသေးတယ်ဗျ... အဲ့ဒါလေးတစ်ခုပဲ ရတော့တယ်။ ဒီတော့ ကျွန်တော့်အစ်ကိုက ဘာပြောလဲဆိုတော့ "မင်းကွန်ပျူတာက စျေးကြီးပေးဝယ်ရပြီး ဗီဒီယိုပဲ ဖွင့်ကြည့်လို့ရတယ်ဆိုတော့ ကွန်ပျူတာဝယ်မဲ့အစား... ငါဆိုရင် DVD စက်ပဲဝယ်ကြည့်တော့မယ်" တဲ့လေ...။ အဲ့ဒီလို ကလိလွန်းလို့ ဝင်းဒိုးခဏခဏ ပျက်ပါတယ်။ ကိုယ်...

ကျွန်တော့်အမေ - ၁

တစ်နေ့ထမင်းစားနေတုန်းက အမေက ကျွန်တော့်ကိုပြောတယ်။ "ငါ့သား ချစ်သူကောင်မလေးရှာရင် ခြေဖနောင့်ကိုကြည့်ပြီးရွေးကွဲ့..." "ဟမ်...၊ ခြေဖနောင့်ကိုကြည့်ရွေးရမယ်...???" "အေးဟုတ်တယ်.... ဖြေဖနောင့်တစ်ဝိုက်က အသားပြည့်ပြည့်ဖြိုးဖြိုးနဲ့ဆိုရင် အဲ့မိန်းကလေးဟာ ဘဝမှာ ကောင်းကောင်းမွန်မွန်၊ ဇိမ်နဲ့နေရတယ်တဲ့" "ဟုတ်လို့လား အမား(အမေ)ရာ.... " "နင့်ရီးမား(ကျွန်တော့်အဒေါ်)ကိုကြည့်ပါလား....၊ ခြေဖနောင့်ကပြည့်ပြည့်ဖြိုးဖြိုးနဲ့ အခုဆို ဇိမ်နဲ့နေနေရတယ်" အင်း..... အမေပြောတာလည်း ဟုတ်သလိုလိုပဲ။ ကျွန်တော့်အဒေါ်က သားသုံးယောက်ရှိတယ်၊ သုံးယောက်စလုံး ကားအုန်နာသူဋ္ဌေးတွေ။ ဒါပေမဲ့ တစ်ခုရှိတာက အဒေါ်က နှစ်လုံးထီအရမ်းထိုးတယ်။ နှစ်လုံးထီက နေ့လည်တစ်ကြိမ်၊ ညနေတစ်ကြိမ်ဖွင့်တာ၊ ပြီးတော့ တစ်ပတ်မှာ တစ်ရက်ပဲလားမသိဘူး နားတာ၊ အဒေါ်က ချဲနှစ်လုံးထိုးရင်လည်း ထိုးကွက်တွေမနည်းဘူး၊ ထိုးကြေးလည်းမနည်းဘူး၊ ပြီးတော့ ပေါက်တဲ့အခါထက် မပေါက်တဲ့ရက်တွေက ပို့များပါတယ်။ ဒါကြောင့် အကြွေးများတယ်။ နှစ်လုံးထီထိုးလွန်းလို့ သူ့သားတွေလည်း အရင်လို သုံးစရာပိုက်ဆံမပေးတော့ဘူး။ "ဒါပေမဲ့ အမားရာ... ပိန်တဲ့လူတွေဆို ဘ...

ပိုက်ဆံကောက်ရရင် အိမ်ပြန်မယ်

သူ့ကိုတွေ့နေကျမို့ ရင်းနှီးနေပါပြီ။ တခြားဆေးသမားတွေနည်းတူ သူလည်းအိတ်တစ်လုံးဆွဲကာ တစ်မြို့လုံးအနှံ့ အမှိုက်ပုံ၊ အမှိုက်တောင်းတွေထဲတွင် ဗူးခွံ၊ ပုလင်းခွံ၊ တိုလီမုတ်စတွေ လိုက်ကောက်လေ့ရှိသည်။ ပြီးလျှင် တစ်ဖက်ကမ်း တရုတ်နိုင်ငံတွင် သွားရောင်းပြီး ဆေးဖိုးရှာသည်။ တခြားဆေးသမားတွေက လူလစ်လျှင် လစ်သလို ခိုးဝှက်တတ်ပေမဲ့ သူကတော့ ရိုးသားပုံရပါသည်။ ‘သူ’လို့သာ ရည်ညွှန်းသုံးနှုန်းလိုက်ပေမဲ့ တကယ်တမ်းတော့ ကျွန်တော်သူ့အကြောင်း ကောင်းကောင်းမသိပါဘူး။ သူ့နာမည်၊ သူ့ဇာတိ၊ သူဘာကြောင့် ဒီလိုဘဝမျိုးရောက်နေရတာလည်းဆိုတာတွေကို မမေးကြည့်ဖူးပါဘူး။ သူ့အသက်ကတော့ အတန်ငယ်ကြီးနေပါပြီ။ ဒါပေမဲ့ တွေ့သည့်လူတိုင်းကို ကြီးကြီးငယ်ငယ်မရွေး အစ်ကို၊ အစ်မလို့ခေါ်ပြီး စကားပြောတတ်သည်။ သူလိုချင်တာရှိလျှင် ကောင်းကောင်းမွန်မွန်ပြောပြီး တောင်းသည်။ ကျွန်တော်တို့ကလည်း သူလာလျှင် အချိုရည်ဗူးခွံတွေကို ထုတ်ပေးလေ့ရှိသည်။ ပြီးတော့ သူတစ်ပါးပစ္စည်းကို မခိုးဝှက်ရန်လည်း မှာကြားရသေးသည်။ ဒီလိုနှင့် ထိုဆေးသမားနှင့် ရင်းနှီးနေခြင်းဖြစ်သည်။ ထိုဆေးသမားကြီးကိုတွေ့သည့်အခါတိုင်း စိတ်ချမ်းသာရသည်မရှိပေ။ အမြဲတမ်း ဒဏ်ရာပရပွတွေနှင့်သာ…၊ ခန္ဓာကိုယ်ကွက်တိကွက်ကျား၌ ပတ်...