"မျက်မမြင် ကောင်မလေးတစ်ယောက် အကြောင်း"

တစ်ခါက ကိုယ့်ကိုယ်ကို မုန်းတီးနေတဲ့ မျက်မမြင်ကောင်မလေးတစ်ယောက်ရှိတယ်။

အဲ့ဒီကောင်မလေးဟာ သူမျက်စိမမြင်ရတဲ့အတွက် သူ့ကိုယ်သူ မုန်းတယ်၊ သူမမြင်ရတဲ့ ကမ္ဘာလောကကြီးကို တခြားလူတွေ မြင်တွေ့ခွင့်ရတဲ့အတွက် တခြားလူတွေကိုလဲ မုန်းတယ်။ သူ့ရဲ့ ချစ်သူကောင်လေးကလွဲလို့ သူဟာ အရာရာတိုင်းကို မုန်းနေတာပေါ့။

အရာရာတိုင်းဟာ အမှောင်ထုသာ လွှမ်းမိုးနေတဲ့ သူ့ဘဝမှာ သူ့ချစ်သူကောင်လေးသာ အားကိုးခင်တွယ်ရာ၊ သူ့ချစ်သူကောင်လေးသာ သူ့ဘေးမှာ ရှိနေပေးတဲ့အတွက် ကောင်မလေးက အခုလိုပြောတယ်

"ကမ္ဘာလောကကြီးကို မြင်တွေ့ရတဲ့နေ့ကျရင် ငါနင့်ကို လက်ထပ်မယ်" တဲ့

ဒီလိုနဲ့ တစ်နေ့မှာ အလှူရှင်တစ်ယောက်က မျက်လုံးတစ်စုံကို လှူဒါန်းလိုက်တဲ့အတွက် မျက်မမြင်ကောင်မလေးဟာ မျက်စိပြန်ကောင်းသွားတယ်။ သူမြင်ချင်ခဲ့တဲ့ ကမ္ဘာလောကကြီးကို မြင်တွေ့ရပြီလေ....

ဒီတော့ သူ့ချစ်သူကောင်လေးက သူ့ကို မေးလိုက်တယ်
"နင် အရမ်းမြင်ချင်ခဲ့တဲ့ ကမ္ဘာလောကကြီးကို မြင်တွေ့ရပြီလေ.... အခု ငါ့ကို လက်ထပ်မယ် မဟုတ်လား"

ဒီအခါ ကောင်မလေးက အရမ်းကို ထိတ်လန့်တုန်လှုပ်သွားတယ်။ သူ့ချစ်သူကောင်လေးကလည်း မျက်မမြင်တစ်ယောက် ဖြစ်နေတာကိုး......။ ဒါကြောင့် အဲ့ကောင်မလေးက သူ့ချစ်သူရဲ့ လက်ထပ်ခွင့်ကို ငြင်းပယ်လိုက်တယ်။

ကောင်လေးခမျာမှာတော့ ရင်ကွဲပတ်လက် မျက်ရည်လည်ရွှဲနဲ့ ထွက်သွားတော့တာပေါ့။ ပြီးတော့ ကောင်မလေးဆီကို စာတစ်စောင် ရေးပို့်လိုက်တယ်။

စာထဲမှာ ရေးထားတာက
"ငါ့ရဲ့ မျက်လုံးအစုံကို ဂရုစိုက်ပေးပါ အချစ်ရယ်" တဲ့

(The story of a blind girl အင်္ဂလိပ်ဝတ္ထုတိုကို ပြန်လည် ရေးဖွဲ့ပါသည်။)

ငထွန်း(Clicker)


Comments

  1. a touching story!
    ဇာတ်လမ်းဆင်တူတွေ ဖတ်ဖူးပါတယ်။ အင်မတန်ချောတဲ့ အရေးအသားပါ။
    စဉ်းစားမိတာက font face လှလို့ပါ။ :P
    အစ်မလည်း ကိုယ့်ဘလော့လေးကိုယ် ကြိုးစားပမ်းစား ပြန်ရေးဖို့ လုပ်ရတော့မယ်။

    ReplyDelete
    Replies
    1. Myanmar Sans Pro Google web font ကို သုံးထားတာ အစ်မ။ ကျနော်လဲ တခါတလေ စိတ်ကူးပေါက်မှ ရေးတင်တာရယ်။ တခါတခါ စိတ်ကူးပေါက်ဖို့ကလဲ အချိန်မနည်းဘူး ကြာတယ် 😂😂

      Delete

Post a Comment

Popular posts from this blog

ကျွဲ'ပါး'စောင်းတီး

ငုပ်မိသဲတိုင် တက်နိုင်ဖျားရောက်

"ဗျာ... ကျွန့်တော့်အမေ...??"